6.5-inch display ၊ Helio G70 Chipset နဲ့ 5,000mAh battery ပါတဲ့ Realme C3 India မှာထွက်ရှိလာ

ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းက Realme C3 ဟာ India မှာတရားဝင်ထွက်ရှိလာခဲ့ပါပြီ။ ထိုဖုန်းဟာ တန်ဖိုးနည်း ဖုန်းတွေအတွက် Gaming ဦးစားပေး ထုတ်ထားတဲ့ Helio G70 Chipset အသစ်ကို ပထမဆုံးသုံးထားတဲ့ ဖုန်းဖြစ်ပါတယ်။ နောက်ထပ်လည်း ဖုန်းမှာ Realme UI ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Realme C2 နဲ့ ယှဉ်လိုက်ရင် Realme C3 မှာ ပိုကြီးတဲ့ Display  ပိုများတဲ့ Battery ပါဝင်လာပါတယ်။ 

Realme C3 Specifications 

Realme C3 မှာ Mini-drop Notch ပါတဲ့ 6.5-inch IPS LCD Display ကိုအသုံးပြုပေးထားပြီး 720 x 1600 Pixels HD+ Resolution ကိုပေးနိုင်ပါတယ်။ ဖုန်းဟာ  89.8 percent Screen-to-body Ratio ရှိတယ်လို့ Realme ကဆိုထားပါတယ်။ ဖုန်းရဲ့ နောက်ဘက် Design ကို Realme 5i တုန်းကလိုမျိုး Sunrise Design ကိုသုံးပေးထားပါတယ်။ ဖုန်းမှာ Android 10 OS နဲ့ ColorOS 7 ကိုပြောင်းလဲထားတဲ့ Realme UI ကို အသုံးပြုပေးထားပြီး  Focus Mode ၊ Smart Gestures ၊ Three-finger Screenshot ၊ Dual Mode Music Share နဲ့ Personal Information Protection စတဲ့ Features အသစ်တွေပါဝင်လာပါတယ်။

Realme C3 မှာ ARM G52 Graphics ပါတဲ့ 2.0GHz Helio G70 Chipset (12nm) နဲ့အားဖြည့်ပေးထားပြီး 4GB  LDDR4x RAM နဲ့တွဲပေးထားပါတယ်။ Internal Storage ကတော့ 64GB ရှိပြီး Micro SD ကိုလည်းထပ်စိုက်လို့ရမှာပါ။  

ဖုန်းရဲ့ကျောဘက်မှာတော့ Al နဲ့ အဆင့်မြှင့်ထားတဲ့ Dual Camera ကိုတပ်ဆင်ပေးထားပါတယ်။ ထို Setup ထဲမှာ f/1.8, 12MP Primary Shooter နဲ့ f/2.4, 2MP Depth Sensor တို့ပါဝင်ထားပြီး Selfie Camera အတွက်ကတော့ Pixel အရွယ်အစား 1.12micron ရှိတဲ့ 5-MPl  AI Beauty Selfie Camera တို့ပါဝင်ပါတယ်။ 

Realme C3 မှာ 5,000mAh battery ပါပေမယ့်လည်း Fast Charging တော့ထောက်ပံ့ထားခြင်းမရှိသေးပါဘူး။ နောက်ထပ် Fingerprint Scanner လည်းမပါပြန်ပါဘူး။ အဲ့အတွက် Unlock လုပ်ဖို့ Face Unlock Biometric Recognition ကိုတော့ထည့်ပေးထားပါတယ်။

Realme C3 ဟာ India မှာ 3GB RAM + 32 GB Storage နဲ့ 4 GB RAM + 64 GB Storage ဆိုပြီး နှစ်မျိုးထွက်လာပါတယ်။ ဈေးအနေနဲ့ကတော့ မြန်မာ‌ငွေ ၁သိန်းခွဲနဲ့ ၂ သိန်းကြားမှာရှိပါတယ်။ အရောင်အနေနဲ့ကတော့ Blazing Red နဲ့ Frozen Blue ဆိုပြီး နှစ်ရောင်ရနိုင်မှာပါ။

HyperEngine Game နည်းပညာပါတဲ့ Helio G80 Chipset ကိုမိတ်ဆက်လိုက်တဲ့ MediaTek

MediaTek အနေနဲ့ Helio G90 နဲ့ G70 series Chipsets တွေကိုမိတ်ဆက်ပြီးနောက် အခု ကုမ္ပဏီအနေနဲ့ MediaTek Helio G80 Chipset ကိုမိတ်ဆက်ခဲ့ပါတယ်။ G80 ဆိုတဲ့နာမည်ဆိုတဲ့အတိုင်း Chipset ဟာ G90 Series နဲ့ G70 ကြားမှာရှိပါတယ်။ 

MediaTek Helio G80 ဟာ တစ်ခြား Mid-Range Chipsets တွေလိုပဲ 12nm Process ကိုသုံးပြီး ပြုလုပ်ထားပါတယ်။ သူ့မှာ Clock Speed 2.0GHz ရှိတဲ့ Cortex-A75 Cores နှစ်ခု နဲ့ Clock Speed 1.8GHz ရှိတဲ့ Cortex-A55 Cores ခြောက်ခုပါဝင်ပါတယ်။ 

Graphics Performance အတွက် Chipset မှာ Mali-G52 MC2 GPU ကိုထည့်သွင်းပေးထားပါတယ်။ သူ့မှာ 1800 MHz မြန်နှုန်းရှိ 8GB LPDDR4X RAM အထိထောက်ပံ့ပေးထားပါတယ်။ Storage ပိုင်းမှာတော့ eMMC 5.1 ကိုအသုံးပြုပေးထားပြီး အဲ့ဒီ eMMC 5.1 Technology ဟာ အခုနောက်ပိုင်းခေတ်စားလာတဲ့ UFS နည်းပညာထက်ပိုနှေးတာကိုတွေ့ရပါတယ်။ 

G90 Series နဲ့ယှဉ်လိုက်ရင်  Helio G80 မှာ AI Accelerators မပါပေမယ့် ထို Chipset ရဲ့  ISP ဟာ Google Lens မှာ Object Recognition လုပ်ပေးနိုင်ခြင်း ၊ Smart Photo Album၊ Scene Detection ၊ Background ကမလိုအပ်တာတွေကို ဖယ်ရှားပေးမယ့် Scene Segmentation ၊ ပိုအဆင့်မြင့်တဲ့ Portrait-mode နဲ့ Facial Recognition စတာတွေကိုလုပ်ပေးနိုင်မယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။ နောက်ထပ် Helio G80 မှာ MediaTek ရဲ့ ကိုယ်ပိုင် HyperEngine Game Technology ကိုထောက်ပံ့ပေးထားပါတယ်။

Xiaomi ဟာ Xiaomi Mi 10 ကို Feb. 13 မှာ Online Event  တစ်ခုကနေမိတ်ဆက်လာတော့မယ်

Xiaomi ဟာ Mi 10 Series ကို February 13 မှာမိတ်ဆက်လာတော့မယ့်အကြောင်းကို သူတို့ရဲ့ Weibo Account မှာတင်ခဲ့ပါတယ်။ ထိုမိတ်ဆက်လာမယ့်ပွဲဟာ Online ကပဲပြုလုပ်လာမှာပါ။

ထိုပွဲဟာ San Francisco မှာကျင်းပမယ့် Samsung ရဲ့ Galaxy S20 series မိတ်ဆက်ပွဲပြီးနှစ်ရက်အကြာမှာကျင်းပလာမှာပါ။ စိတ်မကောင်းစွာနဲ့ပဲ Xiaomi ဟာ Snapdragon 865 SoC ကိုသုံးလာမယ့် ပထမဆုံး ကုမ္ပဏီမဟုတ်တော့ပါဘူး။ Samsung ဟာ လည်း ကမ္ဘာ့ပထမဆုံး Snapdragon 865 SoC ဖုန်းကိုထုတ်တဲ့ Brand ဆိုတဲ့ ဂုဏ်ကိုမရတော့ပါဘူး။အကြောင်းက ZTE ဟာ  Snapdragon 865 Chispset သုံးထားတဲ့ Axon 10s Pro ကို Mi 10 Series နဲ့ S20 Series တွေထွက်မလာခင်မှာ ထုတ်လိုက်လို့ပါပဲ။

အရင်ကထွက်ထားတဲ့ သတင်းတွေအရ Mi 10 မှာ  Qualcomm ရဲ့နောက်ဆုံးထွက် Snapdragon 865 SoC ပါဝင်လာမှာပါ။ ဖုန်းမှာ Refresh Rate 90Hz ပါတဲ့ 6.5-inch OLED Panel ကိုအသုံးပြုလာမှာဖြစ်ပြီး  ဖုန်းရဲ့ နောက်ဘက် Quad Camera Setup မှာ 64-Megapixel Sony IMX686 Main Sensor ပါဝင်လာမှာပါ။ တစ်ခြား Camera တွေအနေနဲ့ 20-Megapixel Ultra-Wide-Angle Sensor ၊ 12-Megapixel Telephoto နဲ့ 5-Megapixel Depth Sensor တွေပါဝင်လာမှာပါ။ 

Xiaomi Mi 10 မှာ 40W Fast Charging ထောက်ပံ့ပေးထားတဲ့ 4500mAh Battery ကိုအသုံးပြုလာမှာပါ။ အဲ့အပြင်ဖုန်းမှာ 30W Wireless Charging နဲ့ 10W Reverse Wireless Charging တို့ကိုပါထောက်ပံ့ပေးလာမှာပါ။ ဖုန်းမှာ အများဆုံး 12GB RAM နဲ့ 256GB Storage ရှိလာမှာပါ။ ဖုန်းရဲ့စျေးနှုန်းဟာ တရုတ်ယွမ် ၃၈၉၉ (မြန်မာငွေ 8 သိန်းကျော်) ရှိလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်၊

8GB RAM ရှိတဲ့ Mi 10 Pro Geekbench ပေါ်မှာ ထွက်ပေါ်လာ

Xiaomi ဟာ Mi 10 5G ကို February 13 မှာမိတ်ဆက်လာတော့မယ့်အကြောင်းကိုကြေညာပြီးနောက်မှာMi 10 Pro ဟာ Geekbench ပေါ်မှာပေါ်ထွက်လာပါတယ်။
ထိုဖုန်းဟာ 8GB RAM ရှိတယ်လို့ Geekbench မှာဖော်ပြထားပြီး  Android 10 နဲ့ MIUI 11 ကိုအသုံးပြုလာမယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး အဲ့ဖုန်းမှာ Mi 10 5G လိုပဲ

Qualcomm ရဲ့ Snapdragon 865 Chipset ကိုသုံးလာနိုင်ပါတယ်။  အရင်ကပေါက်ကြားထားတဲ့ ဖုန်းရဲ့ Design အရဖုန်းမှာ Punch-hole တစ်ခုပါတဲ့ Curved Display ပါဝင်လာမယ်လို့သိရပါတယ်။ ဖုန်းရဲ့ Display ဟာ အလွန်သေးတဲ့ Bezels တွေနဲ့ ဝန်းရံထားထားတာကိုပုံမှာတွေ့ရပါတယ်။ လတ်တလောထွက်ထားတဲ့ သတင်းတွေအရတော့ Mi 10 Pro မှာ 66W Fast Charging နဲ့ 40W Wireless Charging ကိုထောက်ပံ့ပေးလာမယ်လို့ သိရပါတယ်။ 

ဒီသတင်းလေးတွေကတော့ ဒီတပတ်အတွက် အဟော့ဆုံးနည်းပညာသတင်းတွေပဲဖြစ်ပါတယ်။ သင့်ကို နည်းပညာနယ်ပယ်မှာ နောက်မကျစေချင်တဲ့ရည်ရွယ်ချက်နဲ့ သင်သိထားသင့်တဲ့သတင်းတွေကို ကောင်းနိုးရာရာ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှာလည်း “သင့်အတွက် တစ်ပတ်စာ” ဆိုပြီး Weekly Recap News အစီအစဉ်ပြန်လာဦးမှာမို့ ဆက်လက်စောင့်မျှော်ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Ref: Gizmochina , smartprix