ဒီနေ့မှာတော့ ကျွန်တော်က MIUI 12 တင်ထားတဲ့ Xiaomi ဖုန်းတွေ၊ Redmi ဖုန်းတွေအတွက် iOS ပုံစံ Control Center အသစ်ပြောင်းနည်းလေး ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ထင်တာက MIUI 12 တင်လိုက်တာနဲ့ Control Center က သူ့အလိုလို အသစ်ဖြစ်သွားလိမ့်မယ်ပေါ့။ တကယ်တော့ အဲ့လို့မဟုတ်ပါဘူး  Setting  ထဲ သွားပြီး ပြောင်းပေးရပါတယ်။ ဒါမှ iOS ပုံစံ Control ပုံစံအသစ်ကို အသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။ 

New Control Center ကို အသုံးပြုချင်တယ်ဆိုရင်တော့ Setting >> Notifications >> Notifications Shade >> Status Bar >> Use New Control Center ကို On ပေးလိုက်ရင် ရပါပြီ။

Use New Control Center ကို ဖွင့်ပေးလိုက်မယ်ဆိုရင်တော့ iOS ပုံစံ Control Center အသစ်ကို အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒီပုံလေးကို အသုံးမပြုချင်ဘူး အရင်ပုံစံလေးပဲ အသုံးပြုချင်တယ် ဆိုရင်တော့ Use New Control Center ကို ပိတ်ပြီး အသုံးပြုနိုင်ပါတယ်။