စောစောပိုင်းက ထွက်ခဲ့တဲ့ သတင်းတွေအရ Apple ဟာ လာမယ့် iPhone 12 စီးရီးမှာ OLED Display ကို အသုံးပြုလာနိုင်တယ်လို့ ဆိုထားပါတယ်။ ခုထပ်မံပေါ်ထွက်လာတဲ့ သတင်းတွေမှာလည်း ယခုနှစ် ထွက်လာမယ့် 5G iPhone စီးရီးတွေမှာ OLED Display အသုံးပြုလာမယ်ဆိုတာကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ 2017 မှာတုန်းက OLED Display ကို iPhone X မှာ စတင်အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ OLED Display သုံးတာ ဘာထူးဆန်းလို့လဲ? တခြား ဖုန်း Brand တွေဖြစ်တဲ့ Samsung, Huawei, OPPO နှင့် VIVO စတဲ့ စမတ်ဖုန်းတွေမှာလည်း OLED Display ကို အသုံးပြုနေကြတာပဲလို့ ပြောလို့ရပါတယ်။ 

ဒီတစ်ခါထွက်လာမယ့် iPhone စီးရီးတွေက ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ အကြောင်းကတော့ ဒီနှစ်ထဲ အသစ်ထွက်ရှိလာမယ့် iPhone 12 စီးရီးတွေအားလုံးဟာ OLED Display ကိုအသုံးပြုလာနိုင်လို့ပါပဲ။  ပြီးခဲ့နှစ်ကထွက်ရှိခဲ့တဲ့ iPhone 11 စီးရီးမှာတောင်  iPhone 11 Pro နှင့် 11 Pro Max တွေမှာပဲ OLED Display ကို တပ်ဆင်ပေးခဲ့ပြီး iPhone 11 မှာတော့ LCD Display ပဲပါလာခဲ့ပါတယ်။ 

ဒီနှစ်မှာတော့ Apple ဟာ သူ့ရဲ့ iPhone 12 စီးရီးကို အရင်တုန်းကနဲ့ မတူဘဲ iPhone 12, iPhone 12 Max, iPhone 12 Pro နဲ့ iPhone 12 Pro Max စတဲ့ မော်ဒယ်သစ်လေးမျိုးထိ မိတ်ဆက်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ရိုးရိုး iPhone 12 မှာတော့ မျက်နှာပြင် ၅.၄ လက်မ၊  iPhone 12 Max နဲ့ iPhone 12 Pro တို့မှာတော့ မျက်နှာပြင် ၆.၁ လက်မနဲ့ Apple ရဲ့ အမြင့်ဆုံးမော်ဒယ် ဖြစ်လာမယ့်  iPhone 12 Pro Max မှာတော့ မျက်နှာပြင်ဟာ ၆.၇ လက်မ ရှိမယ်လို့ ဆိုထားပါတယ်။

ဝမ်းနည်းစရာကောင်းတဲ့အချက်ကတော့ iPhone 12 စီးရီးတွေမှာ Face ID Sensors တပ်ဆင်ဖို့အတွက် Notch က ဆက်လက်ပါရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း Apple ဟာ သူ့ရဲ့ Face ID sensors ကို Display ထဲမှာ မမြှုပ်ထားနိုင်လို့လည်း ဖြစ်နိုင်ပါတယ်။ Notch မပါတဲ့ iPhone မှ ကိုင်ချင်တာဆိုရင်တော့ ဒီနှစ်ထဲတော့ မဖြစ်နိုင်သေးပါဘူး။

နောက်ဆက်တွဲအနေနဲ့ကတော့ တရုတ်အ‌‌ခြေစိုက် Display ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်တဲ့ BOE ဟာ MacBook နှင့် iPad တို့အတွက် လိုအပ်သည့် Display တွေကို အဓိက ထောက်ပံ့ပေးခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ Display လိုအပ်ချက်အတွက် Samsung အပေါ်မှီခိုမှုကို လျှော့ချရန်ကြိုးပမ်းနေပါတယ်။ ဒါကြောင့် နောက်လာမယ့် iPhone တွေရဲ့ လိုအပ်တဲ့ OLED Display တွေကို BOE ကပဲ ထောက်ပံ့လာနိုင်ပါတယ်။ တချို့သတင်းတွေမှာတော့  BOE ကုမ္ပဏီဟာ Apple ရဲ့ စံနှုန်းကိုတော့ မမှီသေးဘူးလို့ ဆိုထားပါတယ်။

 Apple ဟာ နောက်လာမယ့် iPhone အသစ်တွေမှာ LCD အစား OLED ကိုပဲ ပြောင်းသုံးလာမယ်ဆိုရင် တကယ်တမ်းအထိနာသွားမှာကတော့ Apple ကို နှစ်အကြာကြီး LCD Display တွေကို ထောက်ပံ့ပေးခဲ့တဲ့ Japan ကုမ္ပဏီပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကုမ္ပဏီရဲ့ အမြတ်ဝင်ငွေ ၆၀ ရာခိုင်နှုန်းလောက်ဟာ Apple ကို LCD Panel ရောင်းချခြင်းမှ ရရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ Japan ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အရှုံးများစွာ ပေါ်ခဲ့ပြီး OLED Panel များထုတ်လုပ်ရာတွင်လည်း အခြားသူများရဲ့ နောက်မှာပဲ ရှိနေခဲ့ပါတယ်။ သို့သော် Apple ကတော့ ဒီ Japan ကုမ္ပဏီအပေါ် ဒေါ်လာ သန်း ၂၀၀ အထိရင်းနှီးမြှုပ်နှံထားပါတယ်။

နောက်ဆုံးအချက်ကတော့ BOE China Display Company က ၂၀၂၀ နှစ်မှာ ဈေးကွက်ဝေစု 9% လောက်ဖြစ်လာတဲ့အချိန်မှာ Samsung က ဈေးကွက်ဝေစု 74% လောက်နဲ့ OLED ဈေးကွက်ကို ချုပ်ကိုင်ဖို့ကြိုးစားနေပါပြီ။ ဒီအတိုင်းသာဆိုရင် 2022 ခုနှစ်လောက်မှာထွက်တဲ့ဖုန်းအားလုံးရဲ့ တစ်ဝက်လောက်က OLED Display ကိုအသုံးပြုလာနိုင်တော့မှာပါ။ 

Ref: Gizmochina

Write A Comment