ဒီနေ့မှာတော့ Xiaomi China Stable အလုံးတွေအတွက် Mi Video နဲ့ Music ထဲက တရုတ်စာတွေ မပေါ်စေချင်ရင် ပိတ်လို့ရတဲ့နည်းလေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

Mi Video ထဲက တရုတ်စာဖျောက်ဖို့ဆိုရင်တော့ ပထမဆုံး Mi Video ထဲ ဝင်ပေးပါ။ ပြီးရင် ညာဘက်အောက်ခြေမှာရှိတဲ့ ကိုယ့် Profile ထဲ ဝင်ပေးပါ။ ပြီးရင် ညာဘက် အပေါ်ထောင့်က Setting ထဲဝင်ပေးပါ။

Setting ထဲ ရောက်ရင်တော့ Online Service ဆိုတာလေးကို ပိတ်ပေးလိုက်ရင် စောစောက မြင်တွေ့ရတဲ့ တရုတ်စာတွေ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

Mi Music ထဲက တရုတ်စာတွေပိတ်မယ်ဆိုရင်တော့ ပထမဆုံး Music Application ထဲဝင်ပါ။ ပြီးရင် ကိုယ့် Profile ထဲဝင်ပါ။ ပြီးရင် ညာဘက် အပေါ်ထောင့်က Menu Bar လေးကို နှိပ်ပေးပါ။

Menu Bar ကို နှိပ်ပြီးသွားရင်တော့ အောက်ခြေမှာရှိတဲ့ Setting ထဲဝင်ပေးပါ။ Setting ထဲ ရောက်ရင်တော့ Online Content Service ဆိုတာကို ပိတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ မမြင်ချင်တဲ့ တရုတ်စာတွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါတော့ပါဘူး။

ဒီနည်းတွေကတော့ Xiaomi Stable အလုံးတွေမှာ မျက်စိရှုပ်စေတဲ့ တရုတ်စာတွေကို ပိတ်ပေးတဲ့နည်းပဲ ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။