ဒီနေ့မှာတော့ Xiaomi China Stable အလုံးတွေမှာ  Google Service ဘယ်လိုထည့်သွင်းရမလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ပထမဆုံး GetApps ထဲ ဝင်မယ်။ ဒါပြီးရင်တော့ အပေါ်က Search Box ထဲမှာ google ဆိုပြီး ရိုက်ထည့်ပေးပါ။ အောက်ဆုံးထိရောက်သွားရင်တော့ အစိမ်းရောင် Sofware လေးကို Install လုပ်ပေးရပါမယ်။ Install လုပ်ဖို့ Get ကို နှိပ်ပေးပါ။

Open ကိုနှိပ်ပေးပါ။ ပြီးရင်တော့ အပြာရောင် တရုတ်စာ လေးကို နှိပ်ပေးရပါမယ်။ ပြီးရင်တော့ Application တွေကို ဒေါင်းဖို့ Install လုပ်ပေးရပါမယ်။100% ပြည့်အောင်စောင့်ပေးရပါမယ်။ ပြီးရင်တော့ Permission ပေးဖို့ လိုပါတယ်။ Permission ပေးဖို့ဆိုရင်တော့ Setting ထဲကနေ သွားလို့ရသလို ဒီ Security Application လေးထဲကနေလည်း Permission ပေးလို့ရပါတယ်။

ဒီ Manage Apps ထဲ ထပ်ဝင်ပေးရပါမယ်။ ဒီထဲရောက်ရင်တော့ ကိုယ် Permission ပေးချင်တဲ့ Google Service Software တွေကို Search Box မှာ ရိုက်ထည့်ပေးလို့ ရပါတယ်။ ကျွန်တော်ကတော့ Play Store  လေးနဲ့ စမ်းပြပေးမှာပဲ ဖြစ်ပါတယ်။ ဒီနေရာရောက်ရင်တော့ Permissions ထဲ ဝင်ပေးရပါမယ်။

ဒီထဲရောက်ရင်တော့ ကြက်ခြေပြထားတဲ့ အနီနေရာကို အမှန်ခြစ် အစိမ်းဖြစ်အောင် ပြောင်းပေးရပါမယ်။ ပြောင်းဖို့ဆိုရင်တော့ ဒီထဲက Always Allow ကို ရွေးပေးလိုက်ရင် ရပါပြီ။ ကျန်တာတွေကိုလည်း ဒီနည်းအတိုင်း လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ 

အားလုံးပဲ အဆင်ပြေကြပါစေဗျာ