ဒီနည်းလေးက လူတိုင်းလည်း သိပြီးသားလို့ ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်ကတော့ အောက်ကနည်းလေးအတိုင်း တစ်ဆင့်ချင်း လုပ်သွားလို့ရပါတယ်ခင်ဗျ။ 

ပထမဆုံး Security ထဲ စဝင်ရပါမယ်။ ပြီးရင်တော့ App Lock ထဲ ထပ် ဝင်ပေးရပါမယ်။ ပြီးရင်တော့ Turn on ဆိုတာလေးကို နှိပ်ပေးရပါမယ်။ ဒီနေရာမှာ တစ်ခုရှိတာက Turn on ပြီးသွားရင်တော့ Lock ခတ်ဖို့အတွက် Pattern လေး ထားပေးရပါမယ်။

Fingerprint ခတ်ထားမယ်ဆိုရင်တော့ Fingerprint လေး တစ်ချက် နှိပ်ပေးရပါမယ်။ ဒါပြီးရင်တော့ ကိုယ် လော့ခတ်ချင်တဲ့ Application တွေကို On ပေးလိုရင် ရပါပြီ။

ဒီလို On ပေးပြီးသွားပြီ ဆိုရင်တော့ ကိုယ် Lock ခတ်ထားတဲ့ Application တွေထဲကို ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ စောစောက ကိုယ်ထားခဲ့တဲ့ Pattern နဲ့ ပြန်ဖွင့်မှသာ ဝင်လို့ရတော့မှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေဗျ။