Xiaomi ဖုန်းတွေမှာ အရင်လို   Floating Window သုံးမရတော့ရင် ဒီနည်းလေးအတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။ ပထမဆုံး Developer Option မဖွင့်ရသေးတဲ့ ဖုန်းတွေကတော့ Developer Option ဖွင့်ပေးဖို့အတွက် Setting ထဲက About Phone ထဲဝင်ပေးပါ။

ပြီးရင်တော့ MIUI Version ပေါ်ကို (၇) ချက် ဆက်တိုက်နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပေးလိုက်ရင်တော့ Developer Option ပွင့်သွားပါလိုက်မယ်။ ပြီးရင်တော့ Additional Setting ထဲဝင်ပေးလိုက်ပါ။

ပြီးရင်တော့ Additional Setting ထဲမှာရှိတဲ့ Developer Options ကို နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ “Turn on MIUI Optimization” ကို ဖွင့်ပေးလိုက်ပါ။

ဒီနေရာမှာ တစ်ခုရှိတာက “MIUI Optimization” ဖွင့်ထားတဲ့အလုံးတွေ ဆိုရင်တော့ ပိတ်ပြီးတော့ ပြန်ဖွင့်ပေးရပါမယ်။ ပြီးရင်တော့ Background Recent ပြန်ရှင်းပေးရပါမယ်။ Background Recent ရှင်းလို့အဆင်မပြေရင်တော့ ဖုန်းကို Restart (Reboot) ချပေးလိုက်ပါ။ ချွင်းချက်အနေနဲ့ကတော့ YouTube မှာတော့ Floating Window အသုံးပြုလို့ မရသေးပါဘူး။