Xiaomi ဖုန်းတွေမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ Feature တွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ လူသိနည်းပြီး အသုံးဝင်တဲ့ Lite Mode Feature လေးအကြောင်းကို မျှဝေပေးသွားမှာပါ။ 

ဒီ Feature လေးရဲ့ အားသာချက်တွေကတော့ ရိုးရှင်းတယ်၊  Application တွေရဲ့ icon size တွေက အရမ်းကြီးတာကြောင့် လူကြီးတွေ အတွက်ကတော့ အရမ်းသင့်တော်ပါတယ်။ နောက်ပြီး မျက်စိထိခိုက်မှာ စိုးတဲ့သူတွေ၊ icon သေးသေးတွေကို အာရုံစိုက်ပြီး မကြည့်ချင်တဲ့သူတွေ အနေနဲ့လည်း အသုံးပြုသင့်ပါတယ်။

ဒီ Lite Mode လေးကို အသုံးပြုချင်တယ် ဆိုရင်တော့ ပထမဆုံး Setting ထဲ သွားပါ။ ပြီးရင်တော့ Special Feature ထဲ ဝင်ပေးလိုက်ပါ။

ပြီးရင်တော့ Lite Mode ထဲ ဝင်လိုက်ပါ။ ပြီးရင်တော့ “Turn On Lite Mode” ကို နှိပ်ပေးလိုက်ပါ။ 

ဒါဆိုရင်တော့ အရမ်းရိုးရှင်းတဲ့ Lite Mode ကို အသုံးပြုလို့ ရသွားပြီပဲ ဖြစ်ပါတယ်။ 

နောက်ပြီး Screen ရဲ့ဘယ်ဘက်ကို ဆွဲပေးလိုက်မယ်ဆိုရင်တော့ အပေါင်းလက္ခဏာလေး “+” တွေ့ရမှာပါ။ ဒီအပေါင်းလေးကို နှိပ်လိုက်ပေးခြင်းဖြင့် ကိုယ့် Contact ထဲက အမြန်ခေါ်ချင်တဲ့ ဖုန်းနံပါတ်တွေကို ထည့်ထားလို့ရပါတယ်။ 

ဒီ Lite Mode လေး စမ်းသုံးကြည့်ပြီးသွားရင်တော့ သဘောကျမှာ ကျိန်းသေပါတယ်။ ဒါကြောင့် မသုံးရသေးရင် စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေနော်။