လက်ရှိ ချိန်မှာတော့ Facebook သုံးဖို့အတွက် VPN ကျော်ပြီး သုံးနေရတဲ့အနေအထားဖြစ်နေပါတယ်။ ဒါပေမယ့် VPN  မကျော်ဘဲ Facebook  သုံးချင်တဲ့သူတွေအတွက် DNS ဖွင့်ပြီးသုံးတဲ့နည်းလမ်းလေးရှိပါတယ်။ ဒီနည်းလမ်းလေးကတော့  MIUI 12 တင်ထားပြီး Telenor Sim Card အသုံးပြုနေတဲ့သူတွေအတွက် အဆင်ပြေမှာပါ။

လက်ရှိအနေအထားမှာတော့Telenor Internet နဲ့ပဲ အသုံးပြုလို့ပဲရနေတာဖြစ်ပြီး တခြား Operator တွေနဲ့ စမ်းကြည့်ရသလောက်တော့ ခုချိန်ထိ အလုပ်မလုပ်ပါဘူး။ Wi-Fi နဲ့ဆိုရင်တော့ Myanmar Net Wifi နဲ့လည်း အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် ဘယ်အချိန်ထိ ရမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

MIUI 12 တင်ထားပြီး Telenor Sim card  အသုံးပြုသူတွေအနေနဲ့ ဒီနည်းလေးကို အသုံးပြုချင်တယ်ဆိုရင်တော့ ပထမဆုံး Setting ထဲသွားလိုက်ပါ။ ပြီးရင်တော့ Connection & Sharing ထဲ ဝင်ပေးလိုက်ပါ။

ပြီးရင်တော့ Private DNS ထဲဝင်ပေးပါ။ Private DNS ထဲ ရောက်ပြီဆိုရင်တော့ “Automatic” ကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့ Facebook ထဲ ဝင်ကြည့်လိုက်ပါ။ သုံးလို့အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။ MIUI 12 အောက် Version တွေမှာတော့တော့ DSN Setting မပါတဲ့အတွက်ကြောင့် အဆင်ပြေမှာမဟုတ်ပါဘူး။ 

ဒါကြောင့် သင့်ဖုန်းလေးက MIUI 12 လည်းတင်ထားတယ် နောက်ပြီး Telenor Sim Card လည်း သုံးထားတယ်ဆိုရင်တော့ ဒီနည်းလေးကို စမ်းသုံးကြည့်နိုင်ပါတယ်။ “အဆင်ပြေတယ်၊ မပြေဘူး”ကိုတော့ Comment မှာ ပြောပေးသွားပါဦးနော်။