Android User တိုင်းရဲ့ ဖုန်းမှာ MX Player ကတော့ မပါမဖြစ်တဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Application လေးမှာ ပုံမှန်အတိုင်း Background Music ဖွင့်ထားလို့ရပေမယ့် တစ်ပုဒ်ပြီးရင် သူ့အလိုလို ပြန်ပိတ်သွားတာ ဒါမှမဟုတ် ကိုယ်က ဂိမ်းဆော့ရင်း၊ Facebook သုံးရင်း ဖွင့်ထားပေမယ့် ၅ မိနစ်လောက်နေရင် ဆက်မသွားတော့တဦတွေ ဖြစ်နေရင်တော့ ဒီနည်းလေးက အသုံးဝင်မှာပါ။

ပထမဆုံး Setting ထဲက Apps ထဲက Manage App ထဲသွားရပါမယ်။ 

ပြီးရင်တော့ MX Player ထဲက Battery Saver ထဲက No Restrictions ကို ရွေးပေးရမှာပဲ ဖြစ်ပါတယ်။

ဒီလိုရွေးပြီးသွားရင်တော့ ကိုယ် MX Player ပြန်ဖွင့်ပြီး Background Music အနေနဲ့ပြန်ဖွင့်တဲ့အခါ အရင်လိုရပ်သွားမှာ မဟုတ်တော့ပါဘူး။ အားလုံးပဲ အဆင်ပြေကြပါစေ။