ကျွန်တော်တို့ Social Media ပေါ်မှာ ဓါတ်ပုံလေးတွေကို Before, After ပုံစံမျိုးလေးတင်ချင်တယ်၊ ကိုယ့်ရဲ့ Memories လေးတွေကို တစ်ပုံတည်းမှာပဲ တစ်စုတစ်စည်းတည်း စုပြီးတော့ ဝေဝေဆာဆာဖန်တီးချင်တယ်ဆိုရင်တော့ ဒီနည်းလေးက အကျိုးရှိစေမှာပါ။ ဒီနည်းလေးကတော့ Shortcut Application ကို အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။ ဒီအတွက်ဆိုရင်တော့ ပထမဆုံး Untrusted Shortcut ကို ဖွင့်ပေးထားရပါမယ်။

ကိုယ့်ဖုန်းမှာ Untrusted Shortcut မဖွင့်ရသေးဘူးဆိုရင်တော့ ပထမဆုံး Setting ထဲ ဝင်လိုက်ပါ။

ပြီးရင်တော့ Shortcuts ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ Allow Untrusted Shortcuts ကို ဖွင့်ပေးလိုက်ပါ။

ပြီးရင်တော့ “Allow” ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ ကိုယ့် Screen Lock Password ရိုက်ပေးလိုက်ပါ။

Untrusted Shortcut ကို ဖွင့်ပြီးသွားရင်တော့ ဒီ Link လေးထဲ ဝင်ပေးလိုက်ပါ။https://www.icloud.com/shortcuts/4d9d0fa86829458db3491d0a27bd4565 ဒီ Link ထဲရောက်ပြီဆိုရင်တော့ Get Shortcut ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ အောက်နားထိဆွဲပြီး “Add Untrusted Shortcut” ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ ဘယ်ဘက်အောက်ခြေမှာရှိတဲ့ “My Shortcuts” ထဲ ဝင်ပေးလိုက်ပါ။

ပြီးရင်တော့ Combine Image ထဲ ဝင်ပေးလိုက်ပါ။

ပြီးရင်တော့ Permission ပေးဖို့အတွက် OK ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ ကိုယ်ပေါင်းချင်တဲ့ ဓါတ်ပုံတွေကို Select မှတ်ပေးလိုက်ပါ။ Select မှတ်ပေးပြီးရင်တော့ “Add” ကို နှိပ်ပေးလိုက်ပါ။

ပြီးသွားရင်တော့ ဓါတ်ပုံတွေကို ဘယ်လိုပုံစံနဲ့ ပေါင်းစပ်ချင်တယ်ဆိုတာကို ရွေးပေးလိုက်ပါ။

ပြီးရင်တော့ ဓါတ်ပုံတွေကို ဘယ်လောက်အတိုင်းအတာထိ ခြားမလဲ ဆိုတာကို ရွေးပေးရပါမယ်။ ရွေးပြီးရင်တော့ Done ကို နှိပ်ပေးလိုက်ပါ။

ဓါတ်ပုံတွေရဲ့ အကွာအဝေးကို သတ်မှတ်ပြီးသွားပြီဆိုရင်တော့ အလျားအလိုက်ထားမှာလား? ဒေါင်လိုက်ထားမှာလား? ဒါမှမဟုတ် ဇယားကွက်ပုံစံထားမှာလား? ဆိုတာကို ရွေးပေးရမှာပါ။

ကိုယ်ထားချင်တဲ့ ပုံစံရွေးပြီးသွားရင် ဆိုရင်တော့ “Done” ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ “Save to Camera Roll” ကို နှိပ်ပေးလိုက်ပါ။ ထပ်ပြင်ချင်သေးတယ်ဆိုရင်တော့ “Edit” ကို နှိပ်ပြီး ထပ်ပြင်နိုင်ပါသေးတယ်။

ဒါကတော့ ကိုယ်ပေါင်းထားတဲ့ ဓါတ်ပုံက Photo App ထဲရောက်လာပြီပဲ ဖြစ်ပါတယ်။

တခြား ကိုယ်ပေါင်းချင်တဲ့ ဓါတ်ပုံတွေကိုလည်း ဒီနည်းလေးအတိုင်း ပေါင်းပေးလို့ရပါတယ်။ အဆင်ပြေကြပါစေ။

Ref: How-To-Geek