ဒီနေ့မှာတော့ သိတဲ့ iPhone User တွေအတွက် အရမ်းလွယ်ကူပေမယ့် မသိသေးတဲ့သူတွေရှိသေးတဲ့အတွက်ကြောင့် ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

အကယ်၍ ကိုယ်သုံးနေတဲ့ iPhone / iPad တွေပေါ်မှာ Personal Hotspot ကို ရှာမတွေ့ခဲ့ရင် ဒါမှမဟုတ် Network Reset ချလိုက်ပြီးလို့ Personal Hotspot ပြန်မပေါ်လာတော့ဘူးဆိုရင် အရမ်းကြီး‌ စိတ်လှုပ်ရှားမသွားပါနဲ့ အောက်ကနည်းလမ်းလေးအတိုင်းပဲ လုပ်လိုက်လို့ရပါတယ်။

ပထမဆုံးအနေနဲ့ Setting>> Cellular>> Cellular Data Options ထဲ ဝင်ပေးရပါမယ်ခင်ဗျ
ဒီထဲ ရောက်ပြီဆိုရင်တော့ Ooredoo / Telenor / Mytel ဆင်းကဒ်သုံးနေတဲ့သူတွေအတွက်ကတော့ Cellular Data, LTE Setup ရဲ့ အောက်က APN ဆိုတဲ့ နေရာမှာ – internet ဆိုပြီး ထည့်ပေးရပါမယ်ခင်‌ဗျ။ MPT ဆိုရင်တော့ mptnet လို့ ထည့်ပေးရပါမယ်ခင်ဗျ။
Ooredoo / Telenor / Mytel ဆင်းကဒ်သုံးနေတဲ့သူတွေအတွက်ကတော့ Personal Hotspot ရဲ့ အောက်က APN ဆိုတဲ့ နေရာမှာ – internet ဆိုပြီး ထည့်ပေးရပါမယ်ခင်‌ဗျ။ MPT ဆိုရင်တော့ mptnet လို့ ထည့်ပေးလိုက်ရင် ရပါပြီခင်ဗျ။
အပေါ်က State တွေ ပြီးသွားရင်တော့ ပျောက်ဆုံးနေတဲ့ Personal Hotspot ပုံစံလေး ပေါ်လာပြီပဲ ဖြစ်ပါတယ်။

ဒီနည်းလေး အတိုင်းလုပ်ပြီ အားလုံးပဲ အဆင်ပြေကြပါစေဗျ