ကျွန်တော်တို့စိတ်က တစ်ခါတလေ ဓါတ်ပုံတွေ၊ Video တွေ နဲ့ Note တွေကို မလိုအပ်ဘူးထင်ပြီး ဖျက်လိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ မဖျက်လိုက်ရင် ကောင်းမှာပဲဆိုပြီး တွေးနေတတ်ကြပါတယ်။ ဒါမှမဟုတ် မလိုအပ်တာတွေရှင်းရင်းနဲ့လိုအပ်တာတွေပါ မှားဖျက်မိသွားတဲ့အခါမျိုးကိုလည်း ကြုံဖူးတတ်ကြပါတယ်။

ဒီလိုအခြေအနေတွေကို မကြာခဏကြုံတွေ့လေ့ရှိတဲ့ iOS User တွေအတွက် ဒီနေ့မှာတော့ “မှားဖျက်မိလိုက်တဲ့ Note တွေကို ဘယ်လို Recover လုပ်လို့ရမလဲ?” ဆိုတာကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ပထမဆုံး ကိုယ့် iPhone, iPad မှာရှိတဲ့ Note Application ထဲ ဝင်လိုက်ပါ။

ပြီးရင်တော့ “Recently Deleted” ဆိုတဲ့ Folder ထဲ ဝင်လိုက်ပါ။

ပြီးရင်တော့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Edit ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ ကိုယ် Recover လုပ်ချင်တဲ့ Note တွေကို Select မှတ်ပေးလိုက်ပါ။

Select မှတ်ပြီးသွားရင်တော့ ဘယ်ဘက်အောက်ထောင့်မှာရှိတဲ့ Move ဆိုတာကို နှိပ်ပေးလိုက်ပါ။

ဒီနေရာမှာ ကိုယ်ဖျက်ထားတဲ့ Note တွေ အကုန်လုံးကို တစ်ချက်တည်းနဲ့ Recover ပြန်လုပ်ချင်တယ်ဆိုရင်တော့ Select မမှတ်ဘဲ ဘယ်ဘက်အောက်ထောင့်မှာရှိတဲ့ Move All ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ ကိုယ်အရင်ရှိတဲ့ Note ထဲပဲ ပြန်ထည့်ချင်လား? ဒါမှမဟုတ် New Folder ထဲပဲထည့်ချင်လား? ဆိုတာကိုတော့ ဒီနေရာမှာ ရွေးပေးရမှာပဲ ဖြစ်ပါတယ်။

ဒီလို Recover လုပ်လို့ရတဲ့အချိန်ကတော့ ရက်ပေါင်း ၃၀ ပဲ ဖြစ်ပါတယ်။ ရက် ၃၀ ကျော်သွားရင်တော့ ကိုယ်ဖျက်လိုက်တဲ့ Note တွေကို Recover ပြန်လုပ်လို့ရမှာ မဟုတ်ပါဘူး။ တစ်ချို့သော အခြေအနေတွေမှာတော့ ရက် ၄၀ ထိ ရတတ်ပါတယ်။ ဒီအခြေအနေကလည်း ဖြစ်ခဲပါတယ်။

Ref : Beebom