အက်ကွဲကြောင်း သေးသေးလေးက သင်္ဘောကြီး တစ်စင်းလုံးကို နစ်မြုပ်စေနိုင်ပါတယ်။

ခုပြောပြမယ့် အချက်သေးသေးကလည်း အရမ်းလွယ်လွန်းပေမယ့် သတိမထားမိဘူးဆိုရင်တော့ Error ဖြစ်တာလား ဆိုပြီး Service ဆိုင်တွေကို ပြေးကြမှာ အမှန်ပါပဲ။ သိတဲ့ Service ဆိုင် ပြမိရင်တော့ ဘာပြဿနာမှ မရှိပေမယ့် မသိတဲ့ Service ဆိုင်ကို သွားပြမိမယ်ဆိုရင်တော့ Factory Reset ချခိုင်းမှာ အသေချာပါပဲ။ 

iPhone တွေက ပုံမှန်ချိန်မှာ Auto Lock ကို 1 Minute ထားထားပေးမယ့် Battery Low Power Mode ဖွင့်လိုက်မယ်ဆိုရင်တော့ Auto Lock က 30 Seconds  အလိုလိုဖြစ်သွားပြီး ကျန်တဲ့ 1 Min, 2Min,3Min, 4Min, 5Min, Never အစရှိတာတွေကို ပြောင်းလို့ရမှာ မဟုတ်ပါဘူး။

ဒီချိန်မှာ Battery Saving Mode ကို ပြန်ပိတ်ပေးလိုက်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း Auto Lock က ကိုယ်ထားချင်တဲ့အတိုင်း ထားနိုင်မှာပဲ ဖြစ်ပါတယ်။ 

ထွေထွေထူးထူးကြီး မဟုတ်ပေမယ့် ဒီအချက်လေး မသိလို့ Data တွေအကုန်အပျက်ခံပြီး Software အသစ်ပြန်ရေးရတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီအချက်လေးကို ဗဟုသု အနေနဲ့ မျှဝေပေးလိုက်ပါတယ်။