iOS 14 မှာပါလာတဲ့ Back Tap Gesture က အရမ်းကို အသုံးဝင်ပြီး အရမ်းလည်း  Popular ဖြစ်ခဲ့ပါတယ်။ ဒီ Feature လေးက iPhone 8 နဲ့ အထက်၊ iOS 14, 14 နဲ့ အထက်တင်ထားတဲ့ iPhone တွေမှာ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ 

ကိုယ့် iPhone မှာ  Back Tap ကို အသုံးပြုပြီး  သီချင်းတွေကို Play ဒါမှမဟုတ် Pause လုပ်ချင်တယ်ဆိုရင်တော့ Shortcut လေးတစ်ခု ဖန်တီးဖို့ လိုပါတယ်။ ဘယ်လိုဖန်တီးရမလဲ? ဆိုရင်တော့ ပထမဆုံး Shortcut Application ထဲ ဝင်လိုက်ပါ။ ရှာရခက်နေတယ်ဆိုရင်လည်း Search Bar ကနေ “Shortcuts” ဆိုပြီး ရိုက်ရှာလိုက်ပါ။ ရှာလို့တွေ့ပြီဆိုရင်တော့ Shortcuts App ထဲ ဝင်ပေးလိုက်ပါ။ 

ပြီးရင်တော့ အောက်ခြေမှာရှိတဲ့ “My Shortcuts” ကို နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ “All Shortcuts” ကို ရွေးပေးလိုက်ပါ။  

All Shortcuts ထဲ ရောက်ပြီဆိုရင်တော့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ အပေါင်းလေး “+” ကို နှိပ်လိုက်ပါ။ 

New Shortcuts ထဲ ရောက်ပြီဆိုရင်တော့ အစက်လေးသုံးစက် (ellipses button)  ကို နှိပ်ပေးလိုက်ပါ။ 

ပြီးရင်တော့ “Play/Pause Music”  ဆိုပြီး ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့  “Done” ကို နှိပ်ပေးလိုက်ပါ။ 

ပြီးရင်တော့ “Add Action”  ကို နှိပ်ပေးလိုက်ပါ။ 

 Action ထဲ ရောက်ပြီဆိုရင်တော့ Search Bar မှာ “Play/pause” ဆိုပြီး ရိုက်ရှာလိုက်ပါ။ ပြီးရင်တော့ အောက်မှာကျလာတဲ့ Result တွေထဲက “Play/Pause” ဆိုတာကို ရွေးပေးလိုက်ပါ။ 

ရွေးပေးသွားပြီဆိုရင်တော့ “Done” ကို နှိပ်ပေးလိုက်ပါ။ 

“Play/Pause” Shortcuts လေး အလုပ်လုပ်ဖို့ဆိုရင်တော့  Back Tap ထဲမှာပါ ဒီ “Play/Pause” Shortcuts လေးကို ထပ်ရွေးပေးဖို့လိုပါတယ်။ ဒီအတွက် Setting ထဲ သွားလိုက်ပါ။ 

ပြီးရင်တော့ Settings >> Accessibility >> Touch >> Back Tap ထဲ ဝင်ပေးလိုက်ပါ။

Back Tap ထဲမှာတော့ Double Tap နဲ့ Triple Tap ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုယ်အဆင်ပြေတဲ့တစ်ခု ရွေးပေးလိုက်ပါ။ 

ပြီးရင်တော့ အောက်ခြေ Shortcuts အောက် စောစောဖန်တီးခဲ့တဲ့ “Play/Pause Music” ဆိုတဲ့ Shortcuts လေးကို ရွေးပေးလိုက်ပါ။ 

ဒါဆိုရင်တော့ Setting ထဲက ထွက်ပြီး သီချင်းတစ်ပုဒ်ဖွင့်ပြီး စမ်းကြည့်လို့ရပါပြီ။ ကိုယ်က Double Tap ကို ရွေးခဲ့တယ်ဆိုရင်တော့ ကိုယ့်ဖုန်းနောက်ကျောကို နှစ်ချက်ထိပေးလိုက်ပါ။ ဒီလိုမှ မဟုတ်ဘူး Triple Tap ကို ရွေးခဲ့မယ်ဆိုရင်တော့  ကိုယ့်ဖုန်းနောက်ကျောကို သုံးချက်ထိပေးရမှာပဲ ဖြစ်ပါတယ်။ 

Ref: How To Geek