ကိုယ့်ရဲ့ iPhone ထဲမှာ Download ဆွဲပြီး သုံးနေတဲ့ Application တွေ သေချာပေါက် ရှိပါလိမ့်မယ်။ ဒီလို install လုပ်ပြီးသုံးနေတဲ့ Applicaton တွေက (အမြဲတမ်းမဟုတ်ရင်တောင်) တစ်ခါတလေ “ဒီ Application သုံးရတာ သဘောကျလား? Rating  လေး သတ်မှတ်ပေးပါဦး” အစရှိတဲ့  Rating တောင်းတဲ့ Noti တွေ တက်လာတတ်ပါတယ်။ 

ဒီလိုတက်လာတာက တစ်ခါ၊ နှစ်ခါလောက်က အဆင်ပြေပေမယ့် အဲ့ထက်ပိုလာရင်တော့ လူတိုင်းအတွက် စိတ်အနှောက်အယှက် ဖြစ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် iPhone တွေမှာ “App Rating ပေးဖို့တောင်းတာတွေ၊ Review ရေးဖို့တောင်းဆိုတာတွေကို သဘောမကျလို့ ပိတ်ထားချင်တဲ့သူတွေအတွက် ဒီနည်းလေးက အကျိုးရှိစေမှာပါ။ 

iPhone မှာ App Ratings နဲ့ Review ရေးခိုင်းတာတွေ ပေါ်မလာအောင် ပိတ်ထားချင်တယ်ဆိုရင်တော့ ပထမဆုံး Setting ထဲသွားလိုက်ပါ။ ပြီးရင်တော့ iTunes & Apps Store ထဲ ဝင်လိုက်ပါ။

Setting>> iTunes & Apps Store

ပြီးရင်တော့ In-Apps Ratings and Review ကို ပိတ်ပေးလိုက်ပါ။

Setting>> iTunes & Apps Store>> In-Apps Ratings and Review

ဒါဆိုရင်တော့ Application တွေကနေ Review ရေးခိုင်းတာတွေနဲ့ Rating ပေးဖို့တောင်းတဲ့ စိတ်ရှုပ်စရာ Notification Pop-Up တွေ တက်လာတော့မှာ မဟုတ်ပါဘူး။