ဒီနေ့မှာတော့ iOS User တွေအတွက် ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ iCon ပြောင်းနည်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး Shortcuts ထဲက အပေါင်းလေး (+) ကို နှိပ်မယ်။ ပြီးရင် Add Action ကို နှိပ်မယ်။ ပြီးရင် Scripting ကို နှိပ်မယ်။

Open app ကို နှိပ်မယ်။ ပြီးရင်တော့ Choose ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ Application ကို ရွေးမယ်။ ရွေးပြီးသွားရင်တော့ ညာဘက်အပေါ်ထောင့်က (…) Option လေးကို ထပ်နှိပ်ပေးရပါမယ်။

Shortcuts name မှာ ကိုယ်ထားချင်တဲ့ နာမည်ထားပီ Add Home Screen ကိုနှိပ်ပေးရမယ်။ ပြီးရင်တော့ ပုံလေးကိုထောက်ပြီး ကိုယ့်ဖုန်းထဲမှာရှိတဲ့ ပုံတွေကို Choose Photo ဆိုပြီး ရွေးပေးရပါမယ်။

ရွေးပြီးသွားရင်တော့ Add ဆိုတာကို နှိပ်ပေးလိုက်ရင်တော့ Screen ပေါ်မှာ ကိုယ်ထားထားတဲ့ iCon လေး ပေါ်လာပြီပဲ ဖြစ်ပါတယ်။

iCon လှလှလေးတွေ မရှိလို့ စိတ်ညစ်နေရင်လည်း အောက်ကလင့်ကတစ်ဆင့် ဒေါင်းနိုင်ပါတယ်။ 

https://icons8.com/icons/clouds?fbclid=IwAR2UuzXjjLx5UMKSCy6Wr2FE4NH0TQnuFeSleJudWJZf1CRVTQQrTniGEdU

ဒေါင်းနည်းလေးကတော့ အပေါ်ကလင့်ထဲ ဝင်ပြီး Add to Photos နှိပ်ပေးလိုက်ရင် ရပါပြီခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေ။