Apple ဟာ iOS Version Update ပေးရင် Mobile Data နဲ့ လုပ်ခွင့်မပေးထားဘဲ Wifi Only နဲ့ပဲ Update လုပ်ခွင့်ပေးပါတယ်။ ဒီနေ့မှာတော့ နယ်ကမလို့၊ Wifi နဲ့က အဆင်မပြေလို့၊ Hotspot လွင့်ပြီးသုံးမယ်ဆိုတော့လည်း ဖုန်းအပိုကမရှိလို့ စတဲ့အခက်ခဲတွေ ကြုံနေရတဲ့ iOS User တွေအတွက် ကိုယ့် Mobile Data နဲ့ Update လုပ်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Setting>> Date and Time >> Set Automatically ကို ပိတ်ပေးရပါမယ်။ ပြီးရင်တော့ အောက်မှာရှိတဲ့ ရက်တွေ လတွေထဲကနေ လက်ရှိရောက်နေတဲ့ Date ကို ရှေ့တစ်လထဲကို တိုးပေးရမှာပဲ ဖြစ်ပါတယ်။ ဥပမာ ဒီနေ့က 11 လပိုင်း ဆိုရင် နောက်လ 12 လပိုင်းထဲ ပြောင်းပေးရမှာပဲ ဖြစ်ပါတယ်။

ဒီလိုပြောင်းပြီးသွားပြီဆိုရင်တော့ ပုံမှန်အတိုင်း Setting ထဲသွားပြီး iOS version ကို Update လုပ်ပေးလိုက်လို့ ရပြီပဲဖြစ်ပါတယ်။