ဒီနေ့မှာတော့ Zawgi နဲ့ မှတ်ထားတဲ့ Contact တွေကို Unicode ပြောင်းချင်တဲ့ iOS User  တွေအတွက် TTKeyboard ကို အသုံးပြုပြီးတော့ Unicode ပြောင်းလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ အရင်ကတော့  Pyaung Application ကို အသုံးပြုပြီးတော့ Zawgyi နဲ့ မှတ်ထားတဲ့ Contact တွေအကုန်လုံးကို အချိန်ခဏပေးလိုက်တာနဲ့ Unicode အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ 

ပထမဆုံး App Store ထဲကနေ TTKeyboard ကို ဒေါင်းပေးရပါမယ်။ ပြီးရင်တော့ TTKeyboard ထဲက Setting  ထဲ ဝင်ပေးရပါမယ်။ ပြီးရင်တော့ Extensions ထဲဝင်ပေးရပါမယ်။ Extensions ထဲရောရင်တော့ Permission တွေကို On ပေးရပါမယ်။

ပြီးရင်တော့ Setting>> General ထဲ Keyboard ထဲ ဝင်ပေးရပါမယ်။ ပြီးရင်တော့ Add New Keyboard ကို ရွေးပေးရပါမယ်။

ရွေးပြီးသွားရင်တော့ ထဲက  TTKeyboard ကို ထပ်ထည့်ပေးရပါမယ်။ ပြီးရင်တော့ Contact ထဲ ဝင်ပေးပါ။

ကိုယ်ပြင်ချင်တဲ့  Contact ကိုပြင်ဖို့ Edit နှိပ်ပေးပါ။ ပြီးရင်တော့ Zawgyi ကနေ Unicode ကို စာရိုက်စရာမလိုဘဲ ပြောင်းဖို့ ဘယ်ကက မြှားလေးကို နှိပ်ပေးပါ။ ပြီးရင်တော့ Convert ဆိုတဲ့ပုံလေးနှိပ်ပြီး Done ကိုနှိပ်ပေးလိုက်ရင် ရပါပြီခင်ဗျာ။

ကျန်တဲ့ Contact တွေကိုလည်း Convert လေး တစ်ချက်နှိပ်ပြီး ပြောင်းပေးရမှာပဲ ဖြစ်ပါတယ်။ နည်းနည်းတော့ စိတ်ရှည်ပေးရပေမယ့် လောလောဆယ်မှာတော့ ဒီနည်းလေးက အဆင်ပြေဆုံး ဖြစ်နေလို့ပါ။ အားလုံးပဲ အဆင်ပြေကြပါစေ။