ဒီနေ့မှာတော့ ကျွန်တော်က Xiaomi, Redmi ဖုန်းတွေအတွက် Global ချိန်းထားသင့်တယ်ဆိုတဲ့ အကြောင်းလေး ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အစက Global ပြောင်းသုံးဖို့ မတိုက်တွန်းခဲ့ပေမယ့် ခုချိန်မှာတော့ ‌Global ပြောင်းသုံးတာက ပိုအဆင်ပြေမယ်ထင်လို့ ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ 

 Google Mobile Services သုံးရတာ အဆင်ပြေသွားမယ်

အရင်တုန်းက China ဖုန်းတွေမှာ Global မချိန်းဘဲ Third Party Application တွေအသုံးပြုပြီး Google Services တွေ သုံးရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ခုလက်ရှိမှာတော့ Global မချိန်းထားတဲ့ China ဖုန်း တော်တော်များများ MIUI အပြောင်းလဲကြောင့် Google Service သုံးရတာ အဆင်မပြေတာတွေ များလာပါတယ်။ 

Online Learning လုပ်ရမှာ အဆင်ပြေလာမယ်

လက်ရှိကာလမှာက တစ်ချို့မြို့နယ်တွေက Lockdown ဖြစ်နေပါပြီ။ သင်တန်းတက်ဖို့တာကလည်း အဆင်မပြေသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က လေ့လာသင်ယူစရာတွေကို Online ပေါ်ကနေပဲ သင်ယူရဖို့ များသွားပါတယ်။ ဒီလို Online Learning ကို ကောင်းကောင်းလေ့နိုင်ဖို့ဆိုရင်တော့ ဒီ Google Services တွေက မရှိမဖြစ်တာကြောင့် Global ROM ပြောင်းထားသင့်ပါတယ်။ နောက်ပြီး မသေချာတဲ့ Covid အခြေအနေတေါကလည်း ရှိနေပါသေးတယ်။ ကိုယ်နေတဲ့ နေရပ်က ဘယ်တော့ Lockdown ကျမလဲ ဆိုတာလည်း မသေချာ၊ ဆိုင်တွေကလည်း အမြဲတမ်း ဖွင့်နေမယ်ဆိုတာကလည်း မသေချာတာကြောင့် ဖြစ်နိုင်ရင် စောစောတင်ထားတာ ပိုကောင်းပါတယ်။

တရုတ်ဆော့ဖ်ဝဲလ်တွေ မပါတော့ဘူး

ဒီအချက်ကလည်း တော်တော်လေး မျက်စိနှောက် သက်သာစေမှာပါ။ ကျွန်တော်တို့ အသုံးမပြုတဲ့ တရုတ်ဆော့ဖ်ဝဲလ်တွေကို ဖျက်မရတာကလည်း အဆင်တော့မပြေလှပါဘူး။ Global ချိန်းလိုက်ရင်တော့ တရုတ်ဆော့ဖ်ဝဲလ်တွေ မြင်ရတော့မှာ မဟုတ်ပါဘူး။ 

China ကနေ Global ပြောင်းရင် စက်ပူတာ၊ လိုင်းလတ်တာ နဲ့ အားမနေတော့တာ စတဲ့ Error လေးတွေတော့ ရှိနိုင်ပါတယ်။ ဒါတွေကလည်း ဖြစ်နိုင်ခြေအရမ်းနည်းတာကြောင့် Global ROM ပြောင်းဖို့ တိုက်တွန်းရခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင်ကလက်ရှိမှာ China အလုံး သို့မဟုတ် Stable ဖုန်းလေးကိုင်နေတယ်ဆိုရင်တော့ Online Learning လုပ်ရတာလည်းအဆင်ပြေ၊ တရုတ်စာလည်းမပါ၊ Google Services တွေကိုလည်း အဆင်ပြေပြေ သုံးလို့ရတဲ့ Global ROM ကို ကြိုပြောင်းထားသင့်ပါတယ်လို့ ပြောရင်းနဲ့ပဲ ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။