လက်ရှိမှာတော့ မြန်မာနိုင်ငံက လူတော်တော်များများ Facebook  သုံးလို့မရတော့ပါဘူး။ ဒီလို Social Application တစ်ခုသုံးလို့မရတာက သင့်ရဲ့ ရင်းနှီးသူတွေနဲ့ ဆက်သွယ်ဖို့အတွက် အခက်အခဲ ဖြစ်စေမှာ သေချာပါတယ်။ သင်လက်ရှိ သုံးနေတဲ့ Facebook က အဆင်မပြေတော့ဘူးဆိုရင်တော့ ဖုန်းမှာ VPN Software ဒေါင်းပြီး အသုံးပြုလို့ရတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒီအချက်လေးတွေကို ဒီနေ့မျှဝေပေးချင်ပါတယ်။  

VPN ကျော်ပြီး သုံးမယ်ဆိုရင်တော့ ဒီအချက်လေးတွေ သတိထားသင့်ပါတယ်။

Facebook ရဲ့ Security ကြောင့် VPN ကျော်သုံးရင် ကမ္ဘာပတ်ပြီး နိုင်ငံအများကြီး မသုံးပါနဲ့။ Account Lock ကျနိုင်ပါတယ်။  သင်က ပထမတစ်ခေါက်တုန်းက United State သုံးရင် နောက်အခါတွေမှာလည်း United Staed ကိုပဲ ထားပေးပါ။ 

VPN ကျော်ပြီးသုံးတာဖြစ်တဲ့အတွက်ကြောင့် Connection Speed ကတော့ အနည်းငယ်ကြာပါတယ်။ VPN ကျော်ပြီး သုံးနေစဉ်မှာ Network လိုင်းကျသွားတာမျိုးလည်းရှိပါတယ်။Premium ဝယ်သုံးရတဲ့ VPN Software တွေကတော့ Connection Speed ပိုကောင်းပါတယ်။

သင့်ရဲ့ဖုန်းမှာ VPN Software တွေက အများကြီးမလိုပါဘူး။ တစ်ချို့က VPN Software တွေ အများကြီး တင်ထားတတ်ပါတယ်။ သင်သုံးလို့ အဆင်ပြေတဲ့ VPN Software တစ်ခုဆို လုံလောက်ပါပြီ။ 

နောက်ပြီး VPN  က အမြဲတမ်းဖွင့်သုံးနေစရာမလိုပါဘူး။ သင် Facebook သုံးချင်တဲ့အခါမှာပဲ ဖွင့်သုံးပေးပါ။ ကျန်တဲ့  Banking တို့လို တခြား Application တွေ သုံးတဲ့အချိန်မှာတော့ VPN ကို ပိတ်ပြီးသုံးပေးပါ။

ကျွန်တော်ကတော့ Android ဖုန်းတွေအတွက် သုံးလို့အဆင်ပြေတဲ့ Greennet VPN Software လေးကို စမ်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ပထမဆုံး Play Store မှာ GreenNet VPN ဆိုပြီးရိုက်ရှာလိုက်ပါ။ ပြီးရင် Install ကို နှိပ်ပေးလိုက်ပါ။ ပြီးရင် Open ကို နှိပ်ပေးလိုက်ပါ။  

ပြီးရင်တော့ Start ကို နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ Free ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ နိုင်ငံရွေးပေးလိုက်ပါ။ 

ကျွန်တော်ကတော့ Japan ကို ရွေးပေးလိုက်ပါတယ်။ ပြီးရင်တော့ “OK” ကို နှိပ်ပေးလိုက်ပါ။ 

ဒါဆိုရင်တော့ အစိမ်းရောင် မျက်နှာနဲ့ အပေါ် Bar မှာ VPN ဆိုတဲ့ စာလေးပေါ်လာရင်တော့ VPN ကျော်လို့ရသွားပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး VPN ဆိုတဲ့စာလေးပေါ်လာရင်တော့ Facebook ထဲပြန်ဝင်ပြီး သုံးလို့ရပါပြီ။ 

iOS မှာပဲဖြစ်ဖြစ်  Android မှာပဲဖြစ်ဖြစ်  VPN Software  တိုင်းက အသုံးပြုပုံအတူတူပါပဲ။ ပထမဆုံး App Store ဒါမှမဟုတ် Play Store မှာ ကိုယ်ဒေါင်းချင်တဲ့ VPN Software နာမည်ကို ရိုက်ရှာပါ။ ပြီးရင် install လုပ်ပေးပါ။ ကြော်ငြာတွေတက်လာရင် ကြက်ခြေ ကိုနှိပ်ပေးပါ။ ပြီးရင်တော့ သဘောတူကြောင်းပြောဖို့ “OK တို့ Accept တို့တွေ့ရင် နှိပ်ပေးပါ။ ပြီးရင် “Tap to connect”  ဆိုတာတွေ့ရင် နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပေးလိုက်လို့ အပေါ် Bar မှာ ဘောင်ခတ်ထားတဲ့  VPN ဆိုတဲ့စာလေးပေါ်လာရင် VPN ကျော်ပြီးသွားပြီပဲဖြစ်ပါတယ်။ 

iOS ရော, Android အတွက်ပါ အဆင်ပြေတဲ့ VPN Application တွေကတော့ Turbo VPN, Nord VPN, 1.1.1.1 Faster, Psiphon Pro ဆိုတဲ့ VPN Application တွေကို အသုံးပြုနိုင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။