ဒီနေ့မှာတော့ လူတိုင်းအတွက် လိုအပ်မယ်ထင်တဲ့အကြောင်းအရာလေးတစ်ခုကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ သင်လက်ရှိ Facebook အသုံးပြုနေတဲ့ တည်နေရာကို ခြေရာခံလို့မရအောင် ဘယ်လိုပြုလုပ်ရမလဲ? ဆိုတဲ့ နည်းလမ်းလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ 

For Android >> Setting >> Apps >> Manage Apps >> Facebook >> App Permission >> Location >> Deny 

ဒါဆိုရင်တော့ ပထမဆုံး Setting ထဲသွားပါ။ ပြီးရင်တော့ Apps ထဲကို ဝင်ပေးပါ။ 

ပြီးရင်တော့ Manage Apps ထဲဝင်ပေးပါ။ Manage Apps ထဲရောက်ရင်တော့ Facebook ကို နှိပ်ပေးလိုက်ပါ။ 

ပြီးရင်တော့ App Permission ထဲ ဝင်ပေးပါ။ ပြီးရင်တော့ Location ကို နှိပ်ပေးလိုက်ပါ။

ဒီနေရာမှာ “Allow all the time” ဖြစ်နေမယ်ဆိုရင် “Deny” ကို ရွေးပေးရမှာပဲ ဖြစ်ပါတယ်။ 

ဒါဆိုရင်တော့ သင် Facebook ကို ဘယ်နေရာကသုံးနေတယ်ဆိုတာကို ခြေရာခံလို့ရတော့မှာ မဟုတ်ပါဘူး။ သင့်ဖုန်းထဲမှာရှိတဲ့ တခြား Application ‌တွေရဲ့ Location တွေကို ပိတ်ထားချင်တယ်ဆိုရင်လည်း ဒီနည်းလေးအတိုင်း ပိတ်ထားလို့ရပါတယ်။ 

For iOS >> Setting >> Facebook >> Location >> Never

iOS Devices တွေအတွက် သင့်လက်ရှိတည်နေရာကို မသိစေချင်ဘူးဆိုရင်တော့ Setting ထဲသွားပါ။ ပြီးရင်တော့ Facebook ထဲမှာရှိတဲ့ Location ဆိုတဲ့နေရာမှာ Never ကိုထားပေးရမှာပဲ ဖြစ်ပါတယ်။ သင့် iPhone ထဲမှာရှိတဲ့ တခြား Application ‌တွေရဲ့ Location တွေကို ပိတ်ထားချင်တယ်ဆိုရင်လည်း ဒီနည်းလေးအတိုင်း ပိတ်ထားလို့ရပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။