ကျွန်တော်တို့ Android ဖုန်းတွေမှာ Privacy နဲ့ သက်ဆိုင်တဲ့ Sensors တွေအမြောက်အများ ရှိပါတယ်။ ဒီ Privacy Sensors တွေထဲကမှ ကိုယ့် Camera နဲ့ Microphone ကို ဘယ် Application တွေက အသုံးပြုခွင့်ရနေလဲ? နောက်ပြီး အသုံးပြုခွင့် မပေးချင်ဘူ၊း “ပိတ်ထားချင်တယ်” ဆိုရင် ဘယ်လိုပိတ်လို့ရမလဲ? ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ပထမဆုံး ဘယ် Application တွေက ကိုယ့် Camera နဲ့ Microphone ကို အသုံးပြုနေလဲ သိဖို့ Setting ထဲသွားလိုက်ပါ။ ပြီးရင်တော့ Privacy ထဲ ဝင်လိုက်ပါ။

ပြီးရင်တော့ Permission Manager ထဲ ဝင်လိုက်ပါ။ ပြီးရင်တော့ Camera ဒါမှမဟုတ် Microphone ထဲ ဝင်လိုက်ပါ။

ဒီပုံလေးကတော့ ကိုယ့် Camera ကို အသုံးပြုခွင့်ရနေတဲ့ Application တွေပဲ ဖြစ်ပါတယ်။ အသုံးပြုခွင့် မပေးချင်ဘူးဆိုရင်တော့ ကိုယ်ပိတ်ချင်တဲ့ Application ထဲ ဝင်လိုက်ပါ။ ပြီးရင်တော့ “Deny” ကို နှိပ်ပေးလိုက်ပါ။

Microphone ကို ပိတ်ချင်တယ်ဆိုရင်လည်း ဒီနည်းလေးအတိုင်း ပိတ်ထားလို့ရပါတယ်။ အဆင်ပြေကြပါစေ။

Ref: How To geek