လက်ရှိမှာတော့ Xiaomi User တွေအတွက် အသိချင်ဆုံးအအရာက နှစ်ခုရှိမယ်လို့ ထင်ပါတယ်။ တစ်ခုက ကိုယ်ကိုင်ထားတဲ့ Xiaomi ဖုန်းလေးက Android 11  ရမှာလား ဆိုတာရယ် နောက်တစ်ခုကတော့ MIUI 13 Update ပေးရင် ကိုယ့်ဖုန်းက ရဦးမှာလား ဆိုတာရယ်ပဲ ဖြစ်ပါတယ်။ 

MIUI 13 က  Android 11 ပေါ် အခြေခံမှာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဖုန်းက MIUI 13 ရမယ့်စာရင်းထဲပါနေပြီဆိုရင်တော့ Android 11 မရမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ နောက်ပြီးတစ်ခုရှိတာကတော့ ဒီ MIUI 13 ရမယ့်စာရင်းထဲ ကိုယ့်ဖုန်းမော်ဒယ်မပါရင်လည်း အရမ်းကြီးမစိုးရိမ်ဖို့နဲ့ နောက်ထပ် Update Device တွေကို ထပ်ထည့်ပေးသွားမယ်လို့ Xiaomi က ပြောထားပါသေးတယ်။

 MIUI 13 ရလာမယ့် Redmi  Device တွေကတော့:

  • Redmi K30s
  • Redmi K30 Ultra
  • Redmi 9 Prime
  • Redmi 9i
  • Redmi 9
  • Redmi 9A
  • Redmi 9C
  • Redmi 10X Pro 5G
  • Redmi 10X 5G
  • Redmi 10X 4G
  • Redmi K30i 5G
  • Redmi K30 5G Racing
  • Redmi Note 9 Pro
  • Redmi Note 9
  • Redmi K30 Pro Zoom
  • Redmi K30 Pro
  • Redmi Note 9S
  • Redmi Note 9 Pro Max
  • Redmi 9
  • Redmi K20 Pro Premium
  • Redmi K30
  • Redmi K30 5G
  • Redmi K20 Pro

 MIUI 13 ရလာမယ့် Xiaomi Device တွေကတော့: 

  • Xiaomi Mi 10T Pro
  • Xiaomi Mi 10T Pro 5G
  • Xiaomi Mi 10T
  • Xiaomi Mi 10T 5G
  • Xiaomi Mi 10T Lite
  • Xiaomi Mi 10T Lite 5G
  • Xiaomi Mi Note 10 Lite
  • Xiaomi Mi 10 Youth 5G
  • Xiaomi Mi 10 Lite 5G
  • Xiaomi Mi 10 Pro 5G
  • Xiaomi Mi 10 5G
  • Xiaomi Mi 10 Ultra
  • Xiaomi Mi Note 10
  • Xiaomi Mi Note 10 Pro
  • Xiaomi Mi CC9 Pro
  • Xiaomi Mi Mix Alpha
  • Xiaomi Mi 9 Pro 5G
  • Xiaomi Mi 9 Pro
  • Xiaomi Mi 9 Explorer

 MIUI 13 ရလာမယ့် Poco Device တွေကတော့: 

  • Poco X3 NFC
  • Poco X3
  • Poco M2 Pro
  • Poco M2
  • Poco F2 Pro
  • Poco X2

 MIUI 13 ရလာမယ့် Black Shark Device တွေကတော့ 

  • Black Shark 3 Pro
  • Black Shark 3 
  • Black Shark 2 Pro
  • Black Shark 2
  • Black Shark 3S

MIUI 13 မှာ ဘယ်အပိုင်းတွေ ပိုကောင်းလာမှာလဲ?

MIUI 13 မှာ ဘယ်အပိုင်းတွေ ပိုကောင်းလာမှာလဲဆိုရင်တော့ Optimization ပိုင်းနဲ့ Animation ပိုင်းမှာ ပိုပြီးကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။ ဒီအချက်အချက်ကိုတော့ Xiaomi Engineer  တွေက အတည်ပြုပေးထားပါတယ်။ MIUI 13 မှာ ပါလာမယ့် Feature အသစ်တွေကိုလည်း  သိရတာနဲ့ နောက်လာမယ့် Article တွေမှာတင်ပေးသွားပါမယ်။ 

ဘယ်ချိန်မှာ MIUI 13 ထွက်လာမှာလဲ?

ခုလက်ရှိ နောက်ဆုံး Version ဖြစ်တဲ့ MIUI 12  ဟာဆိုရင် 2020 April လမှာ စထွက်ခဲ့ပါတယ်။ အဲ့ရှေ့က  MIUI 11 တုန်းက ဆိုရင်တော့ 2019 October လ၊ MIUI 10 ကတော့ 2018 June လ၊ MIUI 9 ကတော့ 2017 August လမှာစထွက်ခဲ့ပါတယ်။ MIUI 13 ထွက်လာမယ့်အချိန်က အတိအကျမဟုတ်သေးပေမယ့်  အားလုံးက 2021 အစောပိုင်းမှာ ထွက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။