ရာသီဥတုက ဆောင်းနှောင်းပိုင်း ရောက်လာပြီဆိုတော့ နေပူရှိန်ကလည်း  ပိုပိုတိုးလာပါတယ်။ ဒီလိုရာသီဥတုပူလာရင် ကိုယ့်ဖုန်း Battery ကလည်း အပူရှိန်ကြောင့် အားအနည်းငယ် ပိုစားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကိုယ်ကိုင်နေတဲ့ Android ဖုန်းက အားစားနေတယ်လို့ ခံစားနေရရင် လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။  

အသုံးမလိုတဲ့ Application တွေကို Uninstall လုပ်ပါ

ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ ဖုန်းကိုပြန်ပြီးစစ်ဆေးကြည့်လိုက်ရင် Install တင်ထားပြီး တစ်ခါမှ မသုံးရသေးတဲ့ Application တွေကို တွေ့ရမှာပါ။ နောက်ပြီး ကိုယ်မလိုအပ်ဘဲ တင်ထားတဲ့ Application တွေကိုလည်းတွေ့ရမှာပါ။ ဒီလို ကိုယ်အသုံးမပြုတဲ့ Application တွေ၊ ကိုယ့်အတွက် အသုံးမဝင်တဲ့ Application တွေရှိတယ်ဆိုရင်တော့ Uninstll လုပ်ပေးလိုက်ပါ။   

မလိုအပ်တဲ့ Application တွေရဲ့ Noti တွေကို ပိတ်ပါ

 Application တစ်ခုချင်းစီရဲ့ Noti တက်တက်လာတာတွေကလည်း Battery အားကို အနည်းငယ် ပိုကုန်စေပါတယ်။ ဒါကြောင့် ကိုယ် အသုံးပြုတဲ့ Application တွေရဲ့ Noti ကိုပဲ ဖွင့်ထားပြီး ကျန်တဲ့ Application တွေရဲ့ Noti တွေကိုတော့ Setting>> Notification ထဲမှာ ပိတ်ပေးလို့ရပါတယ်။ 

Wi-Fi, Bluetooth, GPS, Location Service တွေကို ပိတ်ထားပေးပါ

Wi-Fi, Bluetooth, GPS, Location Service တွေပွင့်နေရင်လည်း Battery အားကို ပိုပြီးကုန်စေပါတယ်။ ဒါကြောင့်ကိုယ့်ဖုန်းမှာ ဒီ Service တွေ ပွင့်နေတယ်ဆိုရင်တော့ ပိတ်ထားပေးဖို့လိုပါတယ်။ 

Brightness ကို လျှော့ချပြီး သုံးပေးပါ

လူတိုင်းက Brightness တင်ပြီးသုံးရတာကို သဘောကျမယ်လို့ထင်ပါတယ်။ ဒီလိုသုံးတာကလည်း Battery အားကို ပိုပြီးအကုန်မြန်စေပါတယ်။ ဖြစ်နိုင်ရင်တော့ Auto Brightness ထားသုံးတာမျိုး၊ လျှော့ပြီးသုံးတာမျိုးတွေ လုပ်သင့်ပါတယ်။

Screen Timeout ကို လျော့ပြီးသုံးပေးပါ

ကျွန်တော်တို့က တစ်ခါတလေ Screen မြန်မြန်ပိတ်သွားတာကို သဘောမကျလို့ Screen Time ကို မိနစ်အများကြီး ထားတတ်ပါတယ်။ ဒီလို မိနစ်အများကြီးထားပေးခြင်းက Screen က တောက်လျှောက်ပွင့်နေတဲ့အတွက် အားကုန်ပိုမြန်ပါစေပါတယ်။ Second 30 လောက်ကတော့ အကောင်းဆုံးပါပဲ။ ကိုယ်က ပိတ်ဖို့မေ့နေတယ်ဆိုရင်တောင် အချိန်အကြာကြီး Screen ပွင့်မနေတော့ဘူးပေါ့။ 

Live Wallpaper တွေ အသုံးမပြုပါနဲ့ 

တစ်ခါတစ်လေ ကိုယ့် ဖုန်း Wallpaper ကို လှချင်လွန်းလို့ လှုပ်ရမ်းပြီး အသက်ဝင်တဲ့ Live Wallpaper တွေ ထားတတ်ကြပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ဖုန်းအားကို အမြန်ကုန်စေပါတယ်။  

Background App Refresh တွေကို ပိတ်ထားပေးပါ

Background App Refresh ကို ဖွင့်ထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ internet Data ကို ပိုပြီး ကုန်စေသလို ကိုယ့်ဖုန်း Battery အားကိုလည်း ပိုပြီးမြန်မြန်ကုန်စေပါတယ်။ Application တစ်ခုချင်းစီရဲ့ Background Data Usage တွေကို ပိတ်ထားချင်တယ်ဆိုရင်တော့  Setting>> Connection>> Data Usage>> Allow Background Data Usage ကို ပိတ်ထားလို့ရပါတယ်။ (ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Setting အပြောင်းအလဲရှိပါတယ်) 

Dark Mode ဖွင့်ပြီးသုံးပါ 

Dark Mode Support ပေးတဲ့ ဖုန်းတွေဆိုရင်တော့ ဖွင့်ပြီးအသုံးပြုသင့်ပါတယ်။ Dark Mode ဖွင့်ပြီးသုံးပေးခြင်းက မလိုအပ်တဲ့ အလင်းတွေကို လျော့ချပေးလို့ Battery အကုန်မြန်နေတာကို အနည်းငယ်သက်သာစေမှာပါ။ 

Power Saving Mode ကို ဖွင့်ပြီးသုံးပါ 

Power Saving Mode ကို ဖွင့်ပြီးသုံးမယ်ဆိုရင်တော့ မလိုအပ်တဲ့ Background Data တွေကို ပိတ်ပေးမှာဖြစ်လို့ အားကုန်မြန်တာကို သက်သာစေမှာပါ။ ဒီနေရာမှာ တစ်ခုရှိတာက Power Saving Mode ကို ဖွင့်ပေးထားတဲ့အတွက်ကြောင့် Performance ပိုင်းမှာတော့ အနည်းငယ် ကျသွားမှာပါ။ ဒါကြောင့် Game တွေ ကစားတဲ့အချိန်မှာတော့ Power Saving Mode ကို ပြန်ပိတ်ပြီး ကစားသင့်ပါတယ်။

ဒီအချက်လေးတွေကို အသေးအမွှားလေးဆိုပြီး အထင်တော့မသေးစေချင်ပါဘူး။ ဒီအချက်အသေးအမွှားလေးတွေကပဲ ကိုယ့်ဖုန်း Battery အားစားတာကို သက်သာသွားစေမှာပါ။