လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ Xiaomi ကတော့ သူတို့ရဲ့ Mi 10T Series အသစ်ကိုမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီဖုန်းတွေနဲ့ပတ်သက်ပြီး အရင်ကတည်းက သတင်းတွေပေါက်ထားတာမို့လို့ တစ်ချို့ စာဖတ်သူတွေအဖို့ ဒီအချက်တွေကိုသိပြီးသလောက်ဖြစ်နေမှာပါ။

ဒါပေမယ့်လည်း ဒီသတင်းထဲမှာ Mi 10 T Series နဲ့ပတ်သက်ပြီး သေချာမသိကြတဲ့သူတွေကိုရည်ရွယ်ပြီး Mi 10T Series အကြောင်းကိုပြန်ပြောပေးသွားမှာပဲဖြစ်ပါတယ်။ သိပြီးသားသူတွေအတွက်လည်း ပြန်နွေးပြီးသားဖြစ်သွားတာပေါ့.. ဒီ Mi 10T Series ထဲမှာ Mi 10T Pro ၊ Mi 10T နဲ့ Mi 10T Lite စတဲ့ဖုန်းသုံးလုံးပါဝင်လာမှာပဲဖြစ်ပါတယ်။

ဆိုတော့ ဒီဖုန်းတွေမှာဘယ်လို Specs တွေများပါဝင်လာမလဲ??

Design 

Mi 10T နဲ့ Mi 10T Pro တို့ဟာ တူညီတဲ့ Design နဲ့ပဲထွက်လာမှာမို့လို့ ဒီအပိုင်းမှာ Mi 10T Pro Design အပေါ်ကိုပဲ ဦးစားပေးပြောပေးသွားပါ့မယ်။Mi 10T Pro မှာ သိသိသာသာပြောင်းလဲသွားတဲ့ Design ကတော့ သူရဲ့ Camera Setup ပါပဲ။ ဖုန်းရဲ့ Camera Setup  ဟာ အရင် Mi 10 Series တွေနဲ့မတူဘဲ ထောင့်မှန်စတုဂံ Camera Setup ထဲမှာ Main Camera ကို ခပ်ထင်းထင်းထည့်ပေးထားတာကိုတွေ့ရမှာပါ။ ဒီ Main Camera ရဲ့အောက်မှာတော့ အရံ Camera နဲ့ LED Flash ကိုထည့်ပေးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ပုံတွေအရ ဖုန်းရဲ့ကျောဘက်ဟာ Gorilla Glass 5 ကိုသုံးပေးထားတဲ့ပုံပါပဲ။ 

ဖုန်းရဲ့ရှေ့ဘက်မှာတော့ Selfie Camera တစ်ခုပါတဲ့ Punch-hole တစ်ခုကိုထည့်ပေးထားတာကိုတွေ့ရမှာပါ။ဒီရှေ့ဘက် Screen မှာလည်း Gorilla Glass 5 ကိုသုံးပေးလာဖို့ခန့်မှန်းရပါတယ်။

Display 

Mi10T Pro ရဲ့ Display မှာတော့  144Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ OLED Display ပါလာဖို့ရှိနေတယ်လို့အရင်ကသတင်းတွေထွက်ခဲ့ပေမယ့်လည်း  6.67-inch FHD+ (2340 x 1080 pixels) LCD Display ကိုပဲသုံးပေးလာတော့မယ်လို့ သိရပါတယ်။  LCD Display ဖြစ်သွားတဲ့အတွက် Side-mounted Fingerprint Sensor ကိုပဲသုံးပေးလာနိုင်ပါတယ်။ Mi 10T ဟာလည်း ဒီ Display အတိုင်းထွက်လာနိုင်ပါတယ်။

Camera 

Camera အတွက် Mi 10T Pro ရဲ့  Triple Camera Setup ထဲမှာ 108MP Primary Sensor ၊ 20MP Ultra-Wide Lens နဲ့ 12MP Telephoto Lens တို့ကိုတပ်ဆင်ပေးလာနိုင်ပါတယ်။ Mi 10T မှာတော့ 108MP အစား 64MP Sensor ကိုတပ်ဆင်ပေးလာမှာပါ။ Selfie အတွက်တော့ ဖုန်းနှစ်လုံးစလုံးမှာ Punch hole ထဲမှာထည့်ထားတဲ့ 20MP Selfie ပါလာမှာဖြစ်ပါတယ်။ 

Performance

Mi 10T နဲ့  Mi 10T Pro တို့ရဲ့ Performance မှာတော့  Flagship Snapdragon 865 Chip နဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ်။ နောက်ထပ် သတင်းတွေအရ Mi 10T မှာ Snapdragon 700 Series အသစ် ပါလာမယ်လို့လည်းသိထားရပါတယ်။ ဒီ Snapdragon 700 Series အသစ်ဟာ မကြာသေးခင်ကထွက်ထားတဲ့  Snapdragon 750G 5G Chipset ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒီ Chip ကိုတော့ 8GB RAM ၊ 256GB Storage နဲ့ တွဲပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ် 6/128GB Variant ကိုလည်းရွေးချယ်လို့ရမှာပါ။  Software မှာ Android 10 အပေါ်အခြေခံထားတဲ့ MIUI 12 နဲ့ Run ပေးလာမှာဖြစ်ပြီး Battery အတွက်တော့ Fast charging 50W ၊ Fast wireless charging 30W တို့ထောက်ပံ့ပေးထားတဲ့ 5,000 mAh Battery ပါလာဖို့ရှိနေပါတယ်။ 

ဈေးနှုန်းအနေနဲ့ Mi 10T Pro ဟာ 699 Euros (မြန်မာငွေ  ၁၀ သိန်း ၂ သောင်း ဝန်းကျင်) Mi 10T ကတော့ 550 Euros (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ဆိုပြီး အသီးသီးကျသင့်လာနိုင်ပါတယ်။  

Mi 10T Lite နဲ့ပတ်သက်ပြီးကတော့ MIUI 12 ၊ 4,720mAh Battery၊ 5G ၊ Wi-Fi 802.11ac ၊ Bluetooth ၊ NFC တို့ပါလာမယ့်အကြောင်းပဲသိထားရပါသေးတယ်။ တစ်ခြား အချက်တွေကိုတော့ သိထားရခြင်းမရှိပါဘူး။ 

သေချာတာကတော့ Mi 10T Lite ဟာ Mi 10T ၊  Mi 10T Pro တို့ထက် ဈေးပိုသက်သာလာနိုင်ပါတယ်။ ခန့်မှန်းခြေ မြန်မာငွေ ၆ သိန်းဝန်ကျင်လောက်နဲ့ထွက်လာနိုင်ပါတယ်။

ဒီ Specs တွေနဲ့တကယ်ထွက်လာမလားဆိုတာကိုတော့ လာမယ့် စက်တင်ဘာ ၃၀  ရက်နေ့ Event ကိုစောင့်ကြည့်လိုက်ရအောင်…

Author