Xiaomi အနေနဲ့ ဖေဖော်ဝါရီလ လောက်တုန်းက Mi 10 နဲ့ Mi 10 Pro တို့ကို့ မိတ်ဆက်ခဲ့ ပြီးနောက်မှာ  Mi 10 Lite ကို Global ဈေးကွက်အတွက် မိတ်ဆက်လိုက်ပါတယ်။ ဒီလိုနဲ့နောက်ထပ် Mi 10 Youth  နဲ့ Mi 10 Ultra တို့ကိုတရုတ်မှာ မိတ်ဆက်ခဲ့ပါသေးတယ်။ အခုလည်း Xiaomi ဟာ  Mi 10T နဲ့ Mi 10T Pro တို့ကို International ဈေးကွက်မိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီဖုန်းနဲ့ပတ်သက်ပြီး အရင်လကတည်းက သတင်းတွေနဲ့ ပုံတွေထွက်ထားပါတယ်။ အခုမှာတော့ ဖုန်းတွေရဲ့ Spces အစုံထွက်လို့လာခဲ့ပါပြီ။ 

ဒီ Specs အစုံကိုတော့  MuyComputer ဆိုတဲ့ Website က Shared ခဲ့တာပဲဖြစ်ပါတယ်။ 

ဆိုတော့ဖုန်းမှာဘယ်လို Specs တွေပါလာမလဲ ?? 

အရင်က Leaked တွေမှာတော့ Xiaomi Mi 10T နဲ့ Mi 10T Pro မှာ 144Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ OLED Display ပါလာဖို့ရှိနေတယ်လို့ဖော်ပြထားပေမယ့်အခုမှာတော့ 6.67-inch FHD+ (2340 x 1080 pixels) LCD Display ကိုပဲသုံးပေးလာတော့မယ်လို့ သိရပါတယ်။ LCD Display ဖြစ်သွားတဲ့အတွက် Side-mounted Fingerprint Sensor ကိုပဲသုံးပေးလာနိုင်ပါတယ်။

Camera အတွက် Mi 10T Pro မှာ 108MP Primary Sensor ၊ 20MP Ultra-Wide Lens နဲ့ 12MP Telephoto Lens တို့ပါတဲ့ Triple Camera ကိုတပ်ဆင်ပေလာနိုင်ပါတယ်။ Mi 10 T မှာတော့ 108MP အစား 64MP Sensor ကိုတပ်ဆင်ပေးလာမှာပါ။ Selfie အတွက်တော့ ဖုန်းနှစ်လုံးစလုံးမှာ Punch hole ထဲမှာထည့်ထားတဲ့ 20MP Selfie ပါလာမှာပါ။ 

Mi 10T နဲ့  Mi 10T Pro တို့ရဲ့ Performance မှာတော့  Flagship Snapdragon 865 Chip နဲ့အားဖြည့်ပေးလာမှာပါ။ ဒီ Chip ကိုတော့ 8GB RAM ၊ 265GB Storage နဲ့ တွဲပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ် 6/128GB Variant ကိုလည်းရွေးချယ်လို့ရမှာပါ။  Software မှာ Android 10 အပေါ်အခြေခံထားတဲ့ MIUI 12 နဲ့ Run ပေးလာမှာဖြစ်ပြီး Battery အတွက်တော့ 5,000 mAh Battery ပါလာဖို့ရှိနေပါတယ်။ 

ဆိုတော့ဖုန်းဟာဘယ်အချိန်မှာထွက်လာနိုင်လဲ?

ဒီလအစောပိုင်းလောက်တုန်းက Xiaomi အနေနဲ့ Euro 300 ဝန်းကျင် 5G ဖုန်းတစ်လုံးကို မိတ်ဆက်လာမယ့်အကြောင်း Social Media တွေမှာတင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ Mi 10T နဲ့  Mi 10T Pro  တို့ကို ဒီဖုန်းအသစ်နဲ့အတူတွေ့လာရနိုင်ပါတယ်။ ဖုန်းတွေဟာ  ဒီလကုန် ဒါမှမဟုတ် နောက်လလောက်မှာထွက်လာနိုင်ခြေရှိပါတယ်။

Ref : Gizmochina

Xiaomi Mi 10T  Series ရဲ့ Specs အပြည့်အစုံထွက်ပေါ်လာ..









Ref : Gizmochina

Author