Xiaomi အနေနဲ့ မကြာသေးခင်က Mi 10 Ultra နဲ့အတူ အမြန်ဆုံး Fast Charging Technology လို့ပြောလို့ရတဲ့120W Wired Fast Charging ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုမှာလည်း ကမ္ဘာ့အမြန်ဆုံး Wireless Charging ဖြစ်တဲ့ 80W Wireless Charging ကိုမိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

ဒီ 80W Wireless Charging ဟာဆိုရင် 4,000mAh Battery ကို 19 မိနစ်အတွင်းမှာ အားအပြည့်ဖြည့်ပေးနိုင်မယ်လို့ Xiaomi ကဆိုထားပါတယိ။ အားတစ်၀က်ကိုလည်း ၈ မိနစ်အတွင်းမှာသွင်းပေးနိုင်မယ်လို့သိရပါတယ်။Xiaomi အနေနဲ့ Wireless Charging Technology နဲ့ပတ်သက်လာရင် အရင် Mi MIX 2S,( 7.5W) ၊ Mi MIX 3 (10W) ၊ Mi 9(20W) စတဲ့ဖုန်းတွေကတည်းက ရှေ့ကနေ ဦးဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ 2020 မှာလည်း Mi 10 Ultra ရဲ့ 50W Wireless Charging နဲ့အတူထပ်ဦးဆောင်ခဲ့ပါတယ်။ အခု 80W ကတော့ 2021 အတွက်ပေါ့။

ဒီ 80W Wireless Charging ကိုတော့ Mi 11 မှာစသုံးလာနိုင်ပါတယ်။နောက်ထပ် Xiaomi အနေနဲ့ ဒီ 80W ထပ်ပိုမြန်တဲ့ 100W Wireless Fast Charging Technology ကိုလည်းမိတ်ဆက်လာဖို့ရှိနေတယ်လို့သိထားရပါသေးတယ်။ ဒီ 100W ကတော့ နောက်နှစ်လောက်မှာ မိတ်ဆက်လာဖို့ရှိနေပြီး Xiaomi ရဲ့ Flagship Phone တော်တော်များများမှာသုံးလာဖို့ရှိနေပါတယ်။

Ref : Gizmochina

Author