XDA Developers ကနေ လောလောလတ်လတ်ထွက်ရှိလာတဲ့ သတင်းအသစ်တွေအရ Xiaomi အနေနဲ့ ဖုန်းနှစ်လုံးပါ၀င်လာမယ့် Gauguin Series အသစ်ကိုပြုလုပ်နေတယ်လို့သိရပါတယ်။ ထို Series ထဲမှာ Gauguin” နဲ့ “Gauguin Pro” ဆိုပြီး နာမည်ပေးထားတဲ့ ဖုန်းနှစ်လုံးပါ၀င်လာဖို့ရှိနေပါတယ်။ ထို Gauguin ဖုန်းတွေဟာ China, India နဲ့ Global စတဲ့ Regions တွေမှာ ရောင်းချလာဖို့ရှိနေတယ်လို့ သိရပါတယ်။

MIUI 12 Code တစ်ခုအရ ထိုဖုန်းနှစ်လုံးစလုံးမှာ Qualcomm Chipset ကိုသုံးလာမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီး Gauguin နဲ့ Gauguin Pro ဖုန်းတို့ဟာ မော်ဒယ်နံပါတ် J17 နဲ့ J17 Pro ဆိုပြီး အသီးသီးထွက်ရိှလာနိုင်ပါတယ်။

J17 Model မှာ Main Camera ကို 64MP သုံးပေးလာနိုင်ပြီး Pro Model မှာတော့ 108MP Camera ကိုသုံးလာမယ်လို့သိရပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့သံုးထားတဲ့ Main Camera ဟာမတူ‌ပေမယ့်လည်း တရုတ်မှာရောင်းချလာမယ့် Gauguin နဲ့ဘ Gauguin Pro  ဖုန်းနှစ်လံုးစလံုးမှာ 108MP Camera ကိုပဲသုံးလာဖို့ရိှ‌ေနပြီး Global နဲ့ India အတွက်တော့ 64 MP နဲ့ပဲ ထွက်လာဖို့ရှိနေတယ်လို့သိရပါတယ်။ အခုသတင်းတွေဟာ ကောလဟလသာဖြစ်သေးတဲ့အတွက် အတည်ယူလို့သေးပါဘူး။

ကဲစာဖတ်သူတွေအနေနဲ့ကော ဂိုဂန်း Series အပေါ်ဘယ်လိုသဘောရကြလဲ ?

Ref : Gizmochina , Gizbot

Author