Xiaomi ဟာ ပထမဆုံးဆိုတဲ့ အရာကိုကြိုက်နေတဲ့ပုံပါပဲ။ ဥပမာအနေနဲ့  Xiaomi ဟာ 108MP ဖုန်းကိုပထမဆုံး စျေးကွက်ထဲမှာ ထုတ်ခဲ့ပြီး 30W Fast  Wireless Charger ကိုလည်းပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း ကုမ္ပဏီအနေနဲ့  Snapdragon 865 အားဖြည့်ထားတဲ့ ဖုန်းကိုပထမဆုံးထုတ်လာဖို့ ပစ်မှတ်ထားနေပါတယ်။ 

Xiaomi ရဲ့ ဥက္ကဌ Lin Bin ရဲ့ Weibo Post မှာပြန်ထားတဲ့ Lin Bin ရဲ့ Reply အရ Xiaomi ဟာ Snapdragon 865 Flagship ဖုန်းကို ပထမဆုံး ထုတ်လာမယ့် ကုမ္ပဏီဖြစ်လာမယ်လို့သိရပါတယ်။အဲ့လိုပြောချက်အရဆို  Xiaomi အနေနဲ့ ထိုပထမဆုံးဆိုတဲ့နေရာကို ရဖို့အချိန်တော့ သိပ်မကျန်တော့ပါဘူး။

အကြောင်းက Snapdragon 855 Chipset နဲ့ Galaxy S20 Series ဟာ U.S မှာ ဖေ​ဖော်ဝါရီ ၁၁ အတွင်း ထွက်ရှိလာတော့မယ်လို့ အတည်ပြုထားပြီးဖြစ်လို့ပါ။ လောလောဆယ် Xiaomi ဟာလည်း Mi 10 Series မိတ်ဆက်မယ့်ရက်အတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

 Xiaomi ဟာ Snapdragon 865 Phone ကိုပထမဆုံးထုတ်လာမယ့်​ ကုမ္ပဏီဖြစ်အောင်ဘယ်လိုလုပ်လာမလဲ ?

ပထမဆုံး Snapdragon 865 ဖုန်းကို ပထမဆုံးထုတ်လာတဲ့ ကုမ္ပဏီဆိုတဲ့ ခေါင်းစဉ်ရလာနိုင်တဲ့ Samsung ကို Xiaomi အနေနဲ့ နည်းလမ်းနှစ်လမ်းနဲ့ ရပ်တန့်နိုင်ပါတယ်။ အဲ့နည်းလမ်းဟာ Xiaomi Mi 10 Series ကို ဖေ​ဖော်ဝါရီ ၁၁ မတိုင်ခင်မှာ မိတ်ဆက်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ S20 Series ဝယ်လို့မရသေးခင်

Mi 10 ကိုစတင်ရောင်းချမယ့်နည်းလမ်းပဲဖြစ်ပါတယ်။ ( S20 Series ဟာ မတ်လ ၆ ရက်လောက်မှာသာ စတင်ဝယ်ယူလို့ရမှာပါ။) အဲ့နည်းလမ်းနဲ့ Xiaomi Mi 10 ဟာ စျေးကွက်ထဲမှာ Snapdragon 865 ဖုန်းကို ပထမဆုံးရောင်းလာမယ့် ကုမ္ပဏီနေရာကိုယူလာနိုင်ပါတယ်။ 

Xiaomi အနေနဲ့ Mi 10 Series ကို ဖေ​ဖော်ဝါရီ ၁၁ မှာ Online ပွဲလုပ်ပြီးမတ်ဆက်လာမယ်လို့ သတင်းတွေထွက်ထားပါတယ်။ ကောလဟလတွေအရ ကုမ္ပဏီအနေနဲ့  ဖေ​ဖော်ဝါရီ ၇ ရက်နေ့ကနေစပြီး ဖုန်းနဲ့ပတ်သက်တဲ့ Teasers တွေအရသိရပါတယ်။ 

လောလောဆယ်တရုတ်မှာ Coronavirus ကြောင့်မတည်ငြိမ်မှုလေးတွေရှိနေသော်လည်း ကုမ္ပဏီရဲ့ အကြီးအကဲတွေကတော့ အခုအပတ်မှာ အလုပ်ပြန်ဝင်နေကြပါပြီ။ လက်ရှိ Xiaomi မှာအလုပ်လုပ်နေတဲ့ သူတွေအတွက် ကုမ္ပဏီဟာ ဗိုင်းရက်စ်ကနေကာကွယ်ဖို့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ပေးထားပါတယ်။

ရုံးကိုလာတဲ့သူတိုင်း Body Temperature စစ်တာမျိုးတွေကို Xiaomi ကပြုလုပ်ပေးထားပါတယ်။ နောက်ထပ်လည်း ရုံးထဲမှာ Mask တွေတပ်ဖို့  စည်းကမ်းထုတ်ထားပါသေးတယ်။

Ref : Gizmochina

Author