အားလုံစောင့်မျှော်နေကြတဲ့ Redmi K30S ကတော့ တရုတ်မှာ တရားဝင်ထွက်ရှိလာခဲ့ပါပြီ။  ဒီ K30S ဟာဆိုရင် K30 Series ရဲ့ နောက်ဆုံးအပိတ်ဖုန်းတစ်လုံးဖြစ်တဲ့အတွက် နောက်ထပ် K30 ဖုန်းအသစ်တွေကိုတော့ တွေ့လာရတော့မှာမဟုတ်ပါဘူး။ လက်ရှိ K30 Series ထဲမှာ  Redmi K30 4G, Redmi K30 5G, Redmi K30 Pro 5G, Redmi K30 Pro 5G Zoom Edition, Redmi K30 5G Racing Edition, Redmi K30i 5G, Redmi K30 Ultra e နဲ့အခု  K30S အပါအဝင်စုစုပေါင်း ဖုန်း ၈ လုံးတိတိပါဝင်ထားပါတယ်။

ဆိုတော့ဖုန်းရဲ့ Specs တွေကိုသွားကြည့်လိုက်ရအောင်…

Redmi K30S Design

Design ပိုင်းမှာ K30S ဟာ Mi 10T ကိုမှ နာမည်ပြောင်းပြီးထွက်လာတာမို့လို့  Mi 10T နဲ့တူညီတဲ့ Design နဲ့ပဲထွက်လာပါတယ်။ ဖုန်းမှာ သိသိသာသာပြောင်းလဲသွားးတာကတော့ အရင် K30 Series တွေနဲ့မတူတဲ့ ကျောဘက်က Camera Setup ပါပဲ။ ဖုန်းရဲ့ Camera Setup  ဟာ ထောင့်မှန်စတုဂံ Camera Setup ထဲမှာ Main Camera ကို ခပ်ထင်းထင်းထည့်ပေးထားတာကိုတွေ့ရမှာပါ။ ဒီ Main Camera ရဲ့အောက်မှာတော့ အရံ Camera နဲ့ LED Flash ကိုထည့်ပေးထားတာကိုတွေ့ရမှာပါ။ 

ဖုန်းရဲ့ရှေ့ဘက်မှာတော့ Punch-hole တစ်ခုပါတဲ့ Screen ကိုပဲတပ်ဆင်ထားပြီး ဖုန်းရဲ့ကျောဘက် Design ကော ရှေ့ဘက် Design နှစ်ခုစလုံးကို Gorilla Glass 5 ကိုတပ်ဆင်ပေးထားပါတယ်။  Side Mounted Fingerprint Scanner ပါတဲ့ Power ခလုတ်နဲ့ Volume  ခလုတ်တွေကတော့ ဖုန်းရဲညာဘက်မှာပါဝင်လာမှာဖြစ်ပါတယ်။  ထုံးစံအတိုင်း USB C ပေါက် ၊ Speaker ပေါက်တို့ကိုတော့ ဖုန်းရဲ့အောက်ခြေမှာတပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ ဒီမှာ စိတ်မကောင်းစရာကတော့ ဖုန်းမှာ 3.5mm Headphone Jack ပါမလာတော့တာပါပဲ…

Redmi K30S Display

Redmi K30S ရဲ့ Display မှာ Full HD+ Resolution ရှိတဲ့ 6.67-inch IPS LCD Display ကိုသုံးပေးထားပြီး ဒီ Display ဟာဆိုရင် 144Hz refresh rate ကိုထောက်ပံ့ပေးထားပါတယ်။ ဒီမှာ LCD Display ဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့ဦး။ ဖုန်းမှာ ပိုကောင်းတဲ့ Display ရစေဖို့ HDR10+, MEMC, 650nits Brightness တို့ကိုထောက်ပံ့ပေးထားပါသေးတယ်။ 

Redmi K30S Camera

Camera အတွက် Redmi K30S မှာ 64MP Primary Sensor ၊ 13MP Ultra-Wide Lens နဲ့ 5MP Macro Lens တို့ပါတဲ့  Triple Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။  Selfie မှာတော့ 20MP Selfie ကိုတပ်ဆင်ပေးထားပါတယ်။

Camera Modes တွေအနေနဲ့ 6 Long Exposure Modes ၊ AI Skyscaping 3.0 ၊ Cyberpunk ၊ Gold Vibes ၊ Black ice ၊ Photo Clone ၊ Video Clone စတဲ့ Features တွေပါလာပါတယ်။Video ပိုင်းမှာတော့ 8K@30fps, 4K@30/60fps, 1080p@30/60/120/240/960fps Videos တွေကိုရိုက်ပေးနိုင်ပါတယ်။ 

Redmi K30S Performance 

Performance မှာတော့  Flagship Snapdragon 865 Chip နဲ့အားဖြည့်ပေးထားပါပြီး ဒီ Chip ကိုတော့ 8GB LPDDR5 RAM ၊ 256GB UFS 3.1 Storage နဲ့ တွဲပေးထားပါတယ်။ Software မှာ Android 10 အပေါ်အခြေခံထားတဲ့ MIUI 12 နဲ့ Run ပေးထားပါတယ်။ Battery အတွက် ဖုန်းမှာ Fast charging 33W ထောက်ပံ့ပေးထားတဲ့ 5,000 mAh Battery ကိုသုံးထားပါတယ်။ 

တစ်ခြား Features တွေအနေနဲ့ NFC ၊ Bluetooth 5.1 ၊ Wifi 2.4 GHz & 5.0 GHz ၊ Dual Frequency GPS ၊  IR Blaster ၊ Dual Stereo Speakers ပါဝင်ထားပါတယ်၊။ 

ဈေးနှုန်းအနေနဲ့ 

Redmi K30S – 8 GB RAM + 128 GB storage – 2,599 Yuan (~$388) (မြန်မာငွေ ၅ သိန်းဝန်းကျင်)

Redmi K30S – 8 GB RAM + 256 GB storage – 2,799 Yuan (~$418) (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်)

ဆိုပြီး ကျသင့်လာပါတယ် ။ အရောင်အနေနဲ့ Cosmic Black နဲ့  Lunar Silver ဆိုပြီး ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းကိုတော့ တရုတ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့ တရုတ်မှာစတင်ရောင်းချလာတော့မှာပဲဖြစ်ပါတယ်။ 

ကဲဖုန်းအပေါ်အမြင်လေးတွေကို Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Ref : Gizmochina

Author