Vivo အနေနဲ့ အရင်လလောက်တုန်းက သူတို့ရဲ့ V Series ထဲက Vivo V20, Vivo V20 SE, and Vivo V20 Pro တွေကို အရှေ့တောင်အာရှနိုင်ငံတစ်ချို့မှာမိတ်ဆက်ခဲ့ပါတယ်။ အခုမှာတော့ ဒီ ဖုန်းတွေထဲက Vivo V20 ဟာ ကျွန်တော်တို့မြန်မာနိုင်ငံကို တရား၀င်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ဆိုတော့ ဖုန်းရဲ့ Specs တွေကို တစ်ချက်သွားကြည့်လိုက်ရအောင်…

Vivo V20 မှာ WaterDrop Notch ပါတဲ့ 6.44-inch S-AMOLED display ကိုသုံးပေးထားပါတယ်။ ဒီ Display ရဲ့ Resolution ကတော့ full HD+ resolution ရှိပါတယ်။ ဒီ မှာ High Refresh Rate တော့ထောက်ပံ့ပေးထားခြင်းမရှိပါဘူး။ Super AMOLED Display ရဲ့ထုံးစံအတိုင်း ဖုန်းမှာ Under Display Fingerprint Scanner ပါလာပါတယ်။ ဖုန်းရဲ့ အရွယ်အစား ဟာ 161.3 x 74.2 x 7.38mm ရှိပြီး အလေးချိန်မှာ 171 grams သာရှိတဲ့အတွက် တော်တော်လေးပါးပြီး ပေါ့တယ်လို့ပြောလို့ရပါတယ်။

photo from smartprix

Vivo V20 ရဲ့ အဓိက Highlights လို့ပြောရမယ့် Camera ပိုင်းမှာတော့ စတုရန်းပုံစံ ကင်မရာ Setup အသစ်ထဲမှာ 64-Megapixel Main Lens ၊ Wide-angel ကော Marco ကော နှစ်မျိုးလံုးရိုက်လို့ရမယ့် 8-Megapixel Lens နဲ့, 2-Megapixel Mono Lens တို့ကိုထည့်ပေးထားပါတယ်။ ဒီ Cameras တွေဟာ Motion/eye/object autofocus ၊  Super night mode ၊ Super wide-angle video ၊ Art portrait video ၊  Ultra-stable video ၊ 4K Video Recording စတဲ့ Features တွေကိုထောက်ပံ့ပေးထားပါတယ်။

photo from smartprix

Selfie မှာတော့  44-Megapixel Selfie Camera ( f/2.0 aperture) ကိုသုံးပေးထားပါတယ်။ သူ့မှာလည်း Eye autofocus, Super night selfie, Dual-view video, Steadiface Selfie Video, 4K Selfie Video Shooting နဲ့ Slow-motion selfie video စတဲ့ Features တွေကိုထောက်ပံ့ပေးထားပါတယ်။

အားလုံးစိတ်၀င်းစားနေတဲ့ Performance ပိုင်းမှာတော့ လက်ရှိ Mid-range Chipset တွေထဲမှာ စွမ်‌းဆောင်ရည်ကောင်းကောင်းပေးနိုင်တဲ့ Snapdragon 720G Chipset နဲ့အားဖြည့်ပေးထားပါတယ်။ ဒီ Chipset ကိုတော့ 8GB LPPDDR4x RAM ၊ 256GB  UFS 2.1 storage နဲ့တွဲပေးထားပါတယ်။ Software မှာတော့ ထူးထူးခြားခြား Android 11 အ‌ပေါ် အခြေခံထားတဲ့ FunTouch OS 11 UI နဲ့ Run ပေးထားပါတယ်။ ဒါ့ကြောင့် Vivo Fans တွေကတော့ Android 11 OS အရသာကို တစ်ခြားသူတွေထက် အစောကြီးခံစားလို့ရလာမှာပါ ။

photo from smartprix

Battery အတွက်တော့ Vivo V20 မှာ 33W Flash Charge ထောက်ပံ့ပေးထားတဲ့ 4,000mah battery ကိုသုံးပေးထားပါတယ်။ Connectivity Features တွေအနေနဲ့ dual 4G VoLTE ၊  Wi-Fi 802.11ac ၊  Bluetooth 5.1 ၊  GPS ၊ USB-C နဲ့ a 3.5mm headphone jack တို့ကိုထောက်ပံ့ပေးထားပါတယ်။

Vivo V20 ရဲ့ဈေးကတော့ 

photo from smartprix

Vivo V20 – 6 GB RAM + 128 GB Storage (~$340) (မြန်မာငွေ ၄ သိန်းခွဲ ၀န်းကျင်)

Vivo V20 – 8 GB RAM + 128 GB Storage (~$382) (မြန်မာငွေ ၅ သိန်း ၀န်းကျင်) ဆိုပြီး အသီးသီးရှိကျသင့်လာနိုင်ပါတယ်။ အရောင်အနေနဲ့ Midnight Jazz ၊ Moonlight Sonata ၊ Sunset Melody ဆိုပြီး သုံးရောင်ရွေးလို့ရမှာပါ။ 

ကဲဖုန်းအပေါ်အမြင်လေးတွေကိုဝေမျှပေးသွားကြပါဦးနော်…

(မှတ်ချက်အနေနဲ့ အပေါ်ကဈေးတွေဟာ ခန့်မှန်းခြေဈေးသာရှိသေးတဲ့အတွက် ဖုန်းရောက်လာတဲ့အခါ ဈေးကွာခြားမှုတွေရှိတာကိုတော့ သတိပြုစေချင်ပါတယ်)

Ref : Gizmochina

Author