TikTok လို့ ဆိုလိုက်တာနဲ့ မသိသူ မရှိသလောက်တဲ့ လူငယ်တွေနဲ့ အနုပညာရှင်တွေများ အကြားမှာ အတော်လေး ရေးပန်စားတဲ့ Video App တစ်ခုပါ။ သင်ကိုယ်တိုင်လည်း TikTok မဆော့ဘူးဆိုရင်တောင်မှ ဖန်တီးမှုအရမ်းကောင်းတဲ့၊ စွဲဆောင်မှုရှိတဲ့၊ ရီစရာကောင်းတဲ့၊ ချစ်စရာကောင်းတဲ့၊… TikTok Video အတိုအထွာလေးတွေကို သေချာပေါက် ကြည့်ဖူးတယ်ဆိုတာကိုတော့ မငြင်းပါနဲ့နော်…။

Image result for tiktok

ခေါင်းစဉ်လေးအတိုင်းပဲ အခု ကျွန်တော်တို့ TikTok အကြောင်းလေးပြောကြရအောင်…။

တကယ်တော့ TikTok ဟာ ByteDance လို့ခေါ်တဲ့ တရုတ် Software နည်းပညာ ကုမ္ပဏီ တစ်ခုရဲ့ Product တစ်ခုဖြစ်ပါတယ်။ ByteDance ဟာ TikTok လိုမျိုး တခြား Video,News,…App တွေကို ဖန်တီးပြုလုပ်ထားပြီး

အချိန်အတိုအတွင်းမှာ အတော်လေး အောင်မြင်နေပြီး ကမ္ဘာ့ တန်ဖိုး အကြီးဆုံး Tech Startup တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

TikTok ရဲ့ ဆောင်ပုဒ် ဟာ “Make Every Second Count” (စက္ကန့်တိုင်းကို ရေတွက်လိုက်ပါ) ဆိုတဲ့အတိုင်းပဲ

TikTok ရဲ့နာမည်ဟာ နာရီရဲ့ စက္ကန့် လက်တံလေး ရွေ့လျားတိုင်း ထွက်ပေါ်တဲ့ Tik,…,Tok,…,Tik,…Tok ဆိုတဲ့ အသံကို ယူပြီးတော့ TikTok ဆိုတဲ့ နာမည်လေး ဖြစ်ပေါ်လာတာပါ။

Tiktok ဟာ ပထမဆုံး အနေနဲ့ TikTok လို့ မဟုတ်ဘဲ Douyin ဆိုတဲ့ အမည်နဲ့ 2016 September မှာ တရုတ်ပြည်တွင်း အတွက် မိတ်ဆက်ခဲ့တာပါ။ စတင်မိတ်ဆက်ပြီး ၁နှစ်အကြာ တရုတ်ပြည်တွင်းမှာ အသုံးပြုသူ သန်း ၁၀၀ ပြည်ခဲ့ပြီင်္း တစ်ရက်တစ်ရက်ကို ဗွီဒီယို ကြည့်ရှုမှု အကြိမ်ရေ 1 Billion ရှိပါသတဲ့။

2017 September မှပဲ TikTok ဆိုတဲ့ နာမည်နဲ့ International ကို မိတ်ဆက်ခဲ့ပြီးနောက် 2018 January 23 မှာတော့ Free App ဒေါင်းလုတ်ပြုလုပ်မှုမှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။

အဲဒီလို TikTok ကို အရှိန်အဟုန်နဲ့ အောင်မြင်နေချိန်မှာပဲ TikTok ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ ByteDance ဟာ ဒေါ်လာ 1 Billion ဝန်းကျင် အသုံးပြုပြီး အဲ့ဒီ အချိန်မှာ အတော်လေး အောင်မြင်နေပြီးသားဖြစ်တဲ့ Musical.ly ကို ဝယ်ယူခဲ့ပြီး TikTok နဲ့ ပေါင်းစပ်လိုက်တော့ အရင်က Musical.ly အသုံးပြုသူတွေဟာလည်း TikTok အသုံးပြုသူတွေ ဖြစ်သွားပါတော့တယ်။

(*Musical.ly ဟာလည်း TikTok လိုမျိုး Video အတိုလေးတွေကို သီချင်းတွေနဲ့ ပေါင်းစပ်ပေးတဲ့ App တစ်ခုဖြစ်ပါတယ်။)

TikTok ဟာ လူငယ်တွေကို အဓိက ပစ်မှတ်ထားတာဖြစ်လို့ အခုလိုမျိုး TikTok ကို လူငယ်တွေကြားမှာ နာမည်ကြီး ရေပန်းစားစေတဲ့ နောက်ထပ် အကြောင်းအရင်းကတော့ Celebrities တွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ နကိုကတည်းကမှ လူတွေ (လူငယ်) တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရတာ ဖြစ်တဲ့အပြင် အခု သူတို့တွေရဲ့ TikTok Video တွေကြောင့် ပိုလို့တောင်မှ  လူတွေ (လူငယ်)တွေ ကြားမှာ ပေါက်သွားတယ် ပြောလို့ရပါတယ်။ 

နောက်တစ်ခုကတော့ TikTok Challenges တွေပဲဖြစ်ပါတယ်။

Kiki,Shake it off,Walk Dance,OMG,Bottle cape, … စတာတွေဟာ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Challenges ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အောင်မြင်ပြီး လူကြိုက်များတဲ့ Challenges တွေလည်း အများကြိးရှိပါတယ်။

TikTok သုံးတဲ့သူတွေ သတိထားမိတာ တစ်ခုရှိမှာပါ

အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ ကုန်သွားတာမျိုးတွေ၊ ခဏလေးပဲ အပျင်းပြေကြည့်မယ် လုပ်ပေမယ့် အကြာကြီး ကြည့်မိသွားတာမျိုးတွေ၊… ကို ကြုံဖူးကြမှာပါ။ 

အဲလိုပဲ TikTok မှာ ပေါ်လာပေးတဲ့ Videos တွေဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းနေပြီး ကျွန်တော်တို့ ကြိုက်လေ့ရှိတဲ့ Video တွေဖြစ်ပါတယ်။ 

အဲဒီလိုမျိုးတွေ ပေါ်လာပေးအောင် လုပ်ဆောင်ပေးနေတာကတော့ TikTok ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ ByteDance ဟာ Softeware ကုမ္ပဏီဖြစ်တာနဲ့ အညီ  အဆင့်မြှင့်  Artificial Intelligence တွေ Machine Learning နည်းပညာတွေကို သုံးပြီး  အပြူအမူတွေ၊ ကြိုက်နှစ်သက်တာတွေ၊ စိတ်ဝင်စားတာတွေ၊… စတာတွေကို နောက်ကွယ်မှာ လေ့လာမှု ပြုလုပ်ပြီး ပေါ်လာပေးတဲ့ Videos တွေကြောင့် TikTok သုံးနေရင် ရပ်ဖို့ အရမ်းခက်ပါတယ်။ အလွယ်ပြောရရင်တော့ ကျွန်တော်တို့ ကြိုက်လေ့ရှိတာတွေကို ပြပေးနေတာကြောင့် TikTok ဟာ အလွယ်တကူ စွဲလမ်းစေနိုင်ပါတယ်။

တစ်ချို့သော နိုင်ငံတွေဆိုရင် TikTok ကို ပိတ်ပင်တာမျိုးတွေတောင် ရှိသေးတဲ့အပြင် TikTok အနေနဲ့လည်း Privacy,Cyberbullying,Addiction Concern, Censorship ပြသနာ တွေကိုလည်း ရင်ဆိုင်နေရပါသေးတယ်။ ဒီ့အပြင် Facebook လို Youtube လို Ads တွေကနေ တဆင့် Creator တွေကို Monetize(ငွေရစေအောင်) လုပ်ဆောင်ပေးတာမျိုးတွေလည်း မရှိသေးပါဘူး

ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးမှာဆိုရင် TikTok ဟာ Google Play Store မှာ ဒောင်းလုတ် အကြိမ်ရေ 1 Billion ကျော်ရှိတာကြောင့် အသုံးပြုသူ User ပမာဏကို ကိုယ်တိုင်ပဲ တွက်ကြည့်ပါတော့…။

အဆုံး အထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Author