Qualcomm အနေနဲ့ လာမယ့် Dec 1 ရက်နေ့မှာ သူတို့ရဲ့ Qualcomm Tech Summit ကိုကျင်းပလာတော့မှာပဲဖြစ်ပါတယ်။  ဒီပွဲမှာဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ Snapdragon 875 Chipset ကိုတွေ့လာရတော့မှာပါ။ နောက်ထပ် Qualcomm Tech Summit မှာ Snapdragon 875 Chipset အပြင်  Mid-range ဖုန်းတွေအတွက် Snapdragon 775G ကိုပါမိတ်ဆက်လာဦးမယ်လို့သိရပါတယ်။ အခုမှာတော့ Snapdragon 875 Chipset ရဲ့ AnTuTu Scores တွေပေါက်ကြားလို့လာပြီပဲဖြစ်ပါတယ်။ 

AnTuTu မှာ Snapdragon 875 chipset ကို “Lahaina” ဆိုပြီး Code-named ပေးထားပြီး AnTuTu Score 847,000 points ကျော်ထိရထားပါတယ်။ ဒီအမှတ်ဟာဆိုရင်လက်ရှိ Snapdragon 865 Chipset ( 663,000 points)ထက်ပိုများနေတာမို့လို့ Chipset ရဲ့ Performance ဟာ 25% အထိကိုပိုတိုးတက်လာမှာပါ။ ဒီ AnTuTu သာအမှန်ဖြစ်ခဲ့ရင် Snapdragon 875 chipset ဟာ A14 Bionic Chipset ( 660,000 points) ၊  Kirin 9000 (696,000 points) နဲ့ Exynos 1080 (693,000) တို့ထက် သိသိသာသာပိုကောင်းလာမှာပါ။ 

အခုလက်ရှိ  AnTuTu Charts မှာလည်း Snapdragon 865 Chipset ကပဲထိပ်ဆုံးကနေဦးဆောင်ထားပါတယ်။ AnTuTu ကတော့ ဒီလို့ ထိပ်ဆုံးကနေဦးဆောင်နိုင်တဲ့အကြောင်းက RAM and storage configurations ကတော်တော်လေးအရေးပါတယ်လို့ဆိုထားပါတယ်။ ဒါ့ကြောင့်မို့လို့  Snapdragon 875 chipset မှာ LPDDR5 RAM ၊  UFS 3.1 storage ပါလာနိုင်ပါတယ်။ နောက်ထပ် သူ့မှာ1+3+4 Arrangement Core အသစ်ပါလာနိုင်ပြီး ဒီထဲက Prime Core ဟာ Arm’s Cortex X1 ဖြစ်လာမယ်လို့သိရပါတယ်။ 5G အတွက် Snapdragon X60 5G Modem ကိုထည့်‌ေပးလာနိုင်ပါတယ်။

ဆိုတော့ ဘယ် Company ကများ ဒီ Chipset အသစ်ကို ပထမဆုံးသုံးလာမလဲ ?

Ref : Gizmochina

Author