၂၀၂၀ ၊ ဒီဇင်ဘာလ‌လောက်တုန်းက Qualcomm အနေနဲ့ သူတို့ရဲ့ Flagship Chipset အသစ်ဖြစ်တဲ့ Snapdragon 888 အသစ်ကိုစမိတ်ဆက်ခဲ့ပါတယ်။ Flagship Chipset ဖြစ်တာနဲ့အညီ ARM Cortex-X1  ၊ Cortex-A78 cores စတဲ့နောက်ဆုံးထွက် Cores တွေကိုအသုံး‌ပြုပေးထားပါတယ်။ အခုလက်ရှိမှာ ဒီ Snapdragon 888 Chipset တွေကို Samsung နဲ့ Xiaomi တို့ကစသုံးနေကြပြီပဲဖြစ်ပါတယ်။ 

အခုတစ်ကြိမ်မှာတော့ ထူးထူးဆန်းဆန်းပဲ Qualcomm  ကနေ သူတို့ရဲ့ Snapdragon 800 Series ထဲက နောက်ထပ် Chipset အသစ်တစ်ခုကိုထပ်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အဲဒီ Chipset အသစ်ကတော့ Snapdragon 870 Chipset ဖြစ်ပြီး Snapdragon 865+ ထက် Clock Speed ပိုမြန်တဲ့ Version အနေနဲ့ထွက်လာပါတယ်။

Snapdragon 870 Chipset Specs

Snapdragon 870 Chipset ဟာဆိုရင် Snapdragon 865+ လို 7nm process အပေါ်အခြေခံပြီး ထွက်လာပါတယ်။ သူ့မှာထူးထူးခြားခြားဖြစ်နေတာကတော့  CPU ပါပဲ။ သူ့ရဲ့ CPU Prime Cortex A77 Cores တွေဟာ Clock Speed 3.2 GHz အထိတင်ပေးနိုင်ပါတယ်။ ဒီ Clock Speed  ဟာ Mobile Chipset တွေထဲမှာတော့ အမြန်ဆုံးလို့ပြောလို့ရပါတယ်။

GPU အတွက််  Snapdragon 865+ မှာသုံးထားတဲ့  Adreno 650 GPU  ကိုပဲဆက်သုံးပေးထားပါတယ်။ Frequency မှာတော့ 865 (587 MHz) နဲ့  865+ (670 MHz) နှစ်ခုကြား ဘယ် Frequency ကိုသုံး‌ထားလဲဆိုတာကိုတော့မသိရသေးပါဘူး။

တစ်ခြား Specs တွေအနေနဲ့ Snapdragon 870 Chipset ဟာ Display ပိုင်းမှာ 144Hz (or 4K at 60 Hz) ၊ HDR10+ အထိရမယ့် 1440p Display ကို Support ပေးထားပါတယ်။ Snapdragon 865+ ကလိုမျိုးပဲ Snapdragon 870 Chipset ဟာ 200 MP အထိ Support ပေးထားတဲ့ Spectra 480 ISP နဲ့အတူ 30 fps 8K Video Recording ၊ 120fps  4K Videos တွေကို‌ရိုက်ပေးနိုင်ပါတယ်။ နောက်ထပ် HDR10+ ၊  Dolby Vision တွေကိုသုံးပြီး High Dynamic Range Videos တွေကိုလည်းရိုက်ပေးနိုင်မယ်လို့သိရပါတယ်။ 

Connectivity ပိုင်းမှာတော့ 5G Modem Built-in ပါမလာတော့ဘဲ External Snapdragon X55 Modem နဲ့တွဲပေးထားပါတယ်။ နောက်ပြီး Wi-Fi 6 (up to 1.77 Gbps)၊  Bluetooth 5.2  ( with aptX Voice and Adaptive) Support ထားတဲ့ FastConnect 68000 System ကိုလည်းသုံးပေးထားပါတယ်။

ဒီ‌ Snapdragon 870 Chipset ကိုတော့Motorola, OnePlus, Oppo, Xiaomi and iQOO စတဲ့ Company တွေရဲ့ဖုန်းတွေမှာစသုံးပေးလာမယ်လို့သိရပါတယ်။ လက်ရှိမှာ Motorola ကတော့ Snapdragon 870 Chipset သုံးထားတဲ့ဖုန်းကို January 26 ရက်နေ့မှာမိတ်ဆက်လာမယ်လို့ ကြေညာထားပါတယ်။ တစ်ချို့ ကုမ္ပဏီတွေအနေနဲ့ကလည်း ဒီ Snapdragon 870 Chipset နဲ့ ဖုန်းကိုမိတ်ဆက်လာမယ့်အကြောင်း သဲလွန်စလေးတွေပေးထားတာမို့လို့ ၂၀၂၁ နောက်လတွေမှာ Snapdragon 870 Chipset ဖုန်းအမြောက်အမြားကိုတွေ့လာရနိုင်ပါတယ်။

Ref : GSMARENA

Author