Qualcomm ကတော့ သူတို့ရဲ့ Mid-range 700 Series အတွက် Snapdragon 750G လို့ခေါ်တဲ့ 5G Chipset အသစ်ကိုမိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီ Chipset ဟာဆိုရင်  Snapdragon 768G ၊ Snapdragon 765G စတဲ့ Chipset တွေနဲ့ယှဉ်လိုက်ရင် CPU Performance မှာသိသိသာသာတိုးတက်လာပါတယ်လို့ Qualcomm ကဆိုထားပါတယ်။  

Chipset ရဲ့ Specs တွေအနေနဲ့ Snapdragon 750G 5G ဟာ 8nm Process အပေါ်အခြေခံထားတဲ့ Chipset တစ်ခုပြီး သူ့မှာ Kryo 570 performance CPU အသစ်ပါဝင်လာပါတယ်။ ဒီ Kryo 570 CPU ဟာ Cortex-A77 မှာပဲအခြေခံထားပြီး Clock Speed အနေနဲ့  2.2GHz ရှိပါတယ်။ ဒီ CPU ဟာ SD 730G ထက် Performance မှာ  ၂၀ % အထိပိုတိုးတက်လာတယ်လို့ Qualcomm ရဲ့အဆိုအရသိရပါတယ်။

 GPU အတွက်တော့ S730G GPU ထက် ၁၀ %  ပိုမြန်တဲ့ Adreno 619 GPU ကိုထည့်ပေးထားပါတယ်။ နောက်ထပ် GPU drivers, HDR HDR gaming content, Game Color Plus စတဲ့ Features တွေပါတဲ့  Snapdragon Elite Gaming လည်းပါဝင်ထားပါတယ်။ ဒါကြောင့် Gamers တွေအတွက်တော့သတင်းကောင်းပါပဲ ..

Camera Hardware မှာတော့ 4K HDR Video နဲ့ 192MP camera snapshots ရိုက်ပေးနိုင်မှာပဲဖြစ်ပြီး Display မှာတော့  120 Hz displays (up to 1080p+ resolution) ကိုထောက်ပံ့ပေးနိုင်ပါတယ်။ သူ့မှာ 5G Connectivity အတွက် Snapdragon 750G မှာ mmWave နဲ့ Sub-6GHz spectrums တို့ကိုထောက်ပံ့ပေးထားတဲ့ Snapdragon X52 5G modem ကိုထည့်ပေးထားပါတယ်။ နောက်ထပ် Spectra 355L ISP,  192MP photos, Bluetooth 5.1, Wi-Fi 6, Adaptive Audio, Quick Charge 4+ စတဲ့ Features တွေကိုလည်းထောက်ပံ့ပေထားပါတယ်။

ဒီ  750G ကိုပထမဆုံးသုံးလာမယ့်ဖုန်းကတော့ ဒီနှစ်ကုန်လောက်မှာထွက်လာဖို့ရှိနေပါတယ်။ ဒီဖုန်းကို Xiaomi ကပဲပထမဆုံးထုတ်လာမယ်လို့ သိထားရပါတယ်။ 

Author