(Unicode)

Samsung အနေနဲ့ မကြာသေးခင်က ဒုတိယမြောက် Unpacked Event ကိုကျင်းပပြီး Galaxy Z Fold 2 ကိုမိတ်ဆက်ခဲ့ပါတယ်။အခုမှာလည်း နောက်ထပ် Virtual Unpacked Event တစ်ခုကို September 23 ရက်နေ့မှာ ကျင်းပဖို့ ကြေညာလိုက်ပြန်ပါပြီ။  ဒီပွဲမှာ ဘယ်လို  Products အသစ်တွေကို မိတ်ဆက်လာမယ်ဆိုတာကို မသိရသေးပေမယ့်  

Event ရဲ့  ခေါင်းစဉ်ထဲမှာ “Unpacked for Every Fan” ဆိုပြီးဖော်ပြထားတာမို့လို့ အရင်ကောလဟလတွေမှာ Hot ဖြစ်နေတဲ့ Samsung Galaxy S20 Fan Edition ကို မိတ်ဆက်လာနိုင်ပါတယ်။ 

Samsung Galaxy S20 Fan Edition Specs နဲ့ပတ်သက်ပြီး သိထားရသမျှ Specs တွေကတော့ 

အရင်တုန်းကထွက်ထားတဲ့သတင်းတွေအရ S20 Fan Edition မှာ 2,400 x 1,080 Resolution ရှိတဲ့  6.5-inch Super AMOLED Display ကိုသုံးပေးလာဖို့ရှိနေပြီး ဒီ Display မှာ 120Hz Refresh Rate ကိုထောက်ပံ့ပေးလာဖို့ခန့်မှန်းရပါတယ်။

ဖုန်းမှာ Exynos 990 Processor ဒါမှမဟုတ်  Qualcomm Snapdragon 865 Chip နဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ်။ ထုံးစံအတိုင်း Snapdragon 865 နဲ့ Galaxy S20 FE 5G ဟာ Europe လို Regions တွေအတွက်ပဲထုတ်ပေးလာမှာဖြစ်ပြီး  Exynos 990 နဲ့  Galaxy S20 FE LTE ကတော့  တစ်ခြား Regions တွေအတွက်ထုတ်လာမှာပါ။ 

Camera အတွက် 12MP Primary Sensor (with OIS) ၊ 12MP sensor (with 123° ultra-wide lens) ၊  8MP (with 3x telephoto lens and OIS) စတဲ့ Camera တွေပါလာမယ့် Triple Camera Setup ကိုတပ်ဆင်ပေးလာဖို့ရှိနေပါတယ်။  32MP Seflie Camera ကိုတော့ Centred Punch-hole ထဲမှာထည့်ပေးလာမှာပါ။ 

Battery မှာတော့ 15W fast charging ထောက်ပံ့ပေးထားတဲ့ 4,500mAh battery ကိုတပ်ဆင်ပေးလာမှာပါ။ တစ်ခြား Feature တွေအနေနဲ့ WiFi 6, Bluetooth 5.0, NFC ၊ USB-C ၊ Stereo Speakers ( tuned by AKG) ၊ IP68 Rating တို့ပါဝင်လာဖို့ရှိနေပါတယ်။ 

လောလောဆယ်တော့ ဖုန်းရဲ့ဈေးအတိအကျကိုမသိရသေးပေမယ့် အရောင်မှာတော့ White, Blue, Orange, Lavender, Green and Red ဆိုပြီး စုစုပေါင်း အရောင် ၆ ရောင်ထွက်လာမယ်လို့သိထားရပါတယ်။

နောက်ထပ် ဒီပွဲမှာ Samsung S20 FE အပြင် ဘယ် Products အသစ်တွေကိုများထပ်တွေ့လာရမလဲ? 

September 23 ရက်နေ့မှာကျင်းပလာမယ့် “Samsung Galaxy Unpacked for Every Fan” Event ကိုစောင့်ကြည့်လိုက်ကြအောင်လားခင်ဗျာ…

Ref : Android Authority

တတိယမြောက် Unpacked Event တစ်ခုကိုပြုလုပ်လာဦးမယ့် Samsung

(Zawgyi)











Ref : Android Authority

Author