(Unicode) 

Samsung ကတော့ သူတို့ရဲ့  0.7 Micrometers (μm)-pixel Product Lineup အတွက်  108-Megapixel ISOCELL HM2 ၊ 64-megapixel ISOCELL GW3 ၊  48-megapixel ISOCELL GM5 နဲ့ 32-megapixel ISOCELL JD1 စတဲ့ ISOCELL Image Sensors အသစ်တွေကိုမိတ်ဆက်လိုက်ပါပြီ။ ဒီလို Sensor တွေကိုမိတ်ဆက်လိုက်တာက Samsung အနေနဲ့ လက်ရှိစမတ်ဖုန်းတော်တော်များမှာ Ultra-high-resolution Camera ရစေဖို့ ရည်ရွယ်ပြီးထုတ်လိုက်တာပဲဖြစ်ပါတယ်။‌ နောက်ပိုင်းဖုန်းတွေမှာတော့ ဒီ Sensors တွေကိုတွေ့လာရမှာ အသေအချာပါပဲ။ 

ဒီ 0.7 μm Sensors တွေဟာ အရင်  0.8μm Sensors တွေနဲ့ယှဉ်ရင် 15 ရာခိုင်နှုန်းအထိပိုသေးသွားပြီး Camera Module ရဲ့ အမြင့်ဟာလည်း 10 ရာခိုင်းနှုန်းအထိ လျော့သွားတယ်လို့  Samsung ကဆိုထားပါတယ်။ နောက်ထပ် ဒီလို Sensor သေးသွားတာက နောက်ပိုင်းဖုန်းတွေရဲ့ Camera Design ကို ရိုးရိုးရှင်းရှင်း Design ဖြစ်စေဦးမှာပါ။ Samsung အနေနဲ့ ဒီ Sensors တွေအတွက်ပိုကောင်းအောင်ပြုလုပ်ထားတဲ့ ISOCELL Plus နဲ့ Smart-ISO နည်းပညာတို့ကိုသုံးပေးထားပါတယ်။  

Samsung ISOCELL HM2

ဒီ Sensor ဟာ  HMX and HM1 ပြီးရင် Samsung ရဲ့တတိယမြောက် 108MP Sensor ပဲဖြစ်ပါတယ်။ သူ့မှာ Autofocus ကိုပိုမိုကောင်းမွန်အောင် Detect လုပ်ပေးမယ့်  Super PD ၊ Nine-pixel Binning Technology နဲ့  3x Lossless Zoom တို့ပါဝင်ထားပါတယ်။ 

ISOCELL GW3

ဒီ 64MP Image Sensor ကတော့  အခုနောက်ပိုင်းဖုန်းတော်တော်များများအတွက် ထုတ်ထား Sensor တစ်ခုပါပဲ။ သူ့မှာ ပိုငြိမ်တဲ့ Videos တွေနဲ့ ထင်ရှားပြတ်သားတဲ့ပုံတွေရစေဖို့  Gyro-based Electronic Image Stabilization (EIS) ပါလာပါတယ်။ Video မှာလည်း 4K Resolution Videos တွေကို 60 Frames-Per-Second (fps) မှာရိုက်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Samsung ISOCELL GM5

ဒီ 48MP Sensor ကတော့ Telescope ဒါမှမဟုတ် Ultra-Wide Cameras တွေအတွက်ဦးစားပေးထုတ်ထားတာပဲဖြစ်ပါတယ်။ ဒီ Senor မှာလည်း ပိုကြည်ပြီး ပိုတောက်တဲ့ ပုံတွေအတွက် Staggered-HDR Feature ကိုထည့်ပေးထားပါတယ်။ ဒီ HDR Feature ဟာပုံမှန် HDR Feature အတွက် အားပိုသက်သာစေမယ်လို့ Samsung ကဆိုထားပါတယ်။ 

ISOCELL JD1

ISOCELL JD1 32MP Image Sensor ကတော့  Punch Hole ဒါမှမဟုတ် Motorized pop-up နဲ့ Selfie Camera အတွက်ရည်ရွယ်ပြီးထုတ်ထားတာပါ။  GM5 Sensors လိုပဲသူ့မှာ  staggered-HDR ပါလာဝင်လာပါတယ်။ 

လက်ရှိ Samsung အနေနဲ့ ဒီ HM2, GW3 နဲ့ JD1 Sensors တွေကို အမြောက်အမြားထုတ်လုပ်ဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဒီ Sensors တွေကိုတော့ နောက်ပိုင်းဖုန်းတော်တော်များများမှာတွေ့လာရဖို့ခန့်မှန်းရပါတယ်။

Ref : Gizmochina

Camera Sensors  အသစ်တွေကိုမိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung

(Zawgyi) 



Samsung ISOCELL HM2


ISOCELL GW3


Samsung ISOCELL GM5


ISOCELL JD1



Ref : Gizmochina

Author