၂၀၂၀ အစောပိုင်းလောက်တုန်းက Samsung အနေနဲ့ သူတို့ရဲ့ Foldable Smartphone Lineup ကို တိုးချဲ့ဖို့ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ ဖေဖော်ဝါရီအရောက်မှာတော့ Galaxy Z Flip ကို ထုတ်ခဲ့ပါတယ်။ August ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့  Galaxy Unpacked Event မှာလည်း Samsung အနေနဲ့ Galaxy Z Fold 2 ကိုမိတ်ဆက်ခဲ့ပါသေးတယ်။ Galaxy Z Fold 2 ကတော့ ဈေးကွက်ထဲကိုရောက်ရှိလာခြင်းမရှိသေးပါဘူး။ 

Fold 2 ထွက်လာပြီးနောက်မှာ Samsung အနေနဲ့  Galaxy Z Fold Lite ၊  Galaxy Z Fold3 နဲ့  Galaxy Z Fold S တို့ကိုထုတ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါပြီ။ ပထမဆုံး Galaxy Z Fold Lite ကတော့ ဈေးပိုသက်သာတဲ့ Foldable ဖုန်းအနေနဲ့ ထွက်လာနိုင်တယ်လို့ @hwangmh01 က Twitter မှာတင်ခဲ့ပါတယ်။ ဖုန်းမှာ Galaxy Z Flip နဲ့ Galaxy Z Fold2 တို့မှာသုံးထားတဲ့  UTG (Ultra Thin Glass) အစား  CPI (Colorless Polyimide) သုံးပေးလာမယ်လို့ သိရပါတယ်။

CPI-Clad Display တွေဟာ  UTG လို ခိုင်ခန့်မှုသိပ်မရှိတာမို့လို့ ဖုန်း Screen ဟာ အလွယ်တကူထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဈေးမှာတော့ CPI (Colorless Polyimide) တွေဟာ UTG (Ultra Thin Glass) တွေထက် ပိုသက်သာနေပါသေးတယ်။ ဒါကြောင့်မို့လိုလည်း Galaxy Fold Lite ကို ဈေးပိုသက်သာမယ်လို့ပြောလို့ရတာပါ။ 

ကျန်တဲ့  Galaxy Z Fold3 မှာတော့ UTG ကိုဆက်သုံးပေးလာဖို့ရှိနေပြီ S Pen လည်းပါဝင်လာမယ်လို့ @hwangmh01 ကဖော်ပြထားပါတယ်။  S Pen ပါလာမှာလို့ဈေးကလည်းထောင်တက်လာမယ့်ပုံရှိနေပါတယ်။ ဒီလို S Pen နဲ့သာဆိုရင် ဖုန်းဟာ Samsung ရဲ့ဈေးအကြီးဆုံးဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။ 

နောက်ဆုံး Foldable ဖုန်းဖြစ်တဲ့ Galaxy Z Fold S ကတော့ အတွင်းကော ၊ အပြင် ကောပါခေါက်လို့ရမယ့် ဖုန်းတစ်လုံးဖြစ်လာမယ်လို့ပဲသိထားရပါသေးတယ်။ ဒီလိုပုံစံအရဆို ဖုန်းဟာ မကြာသေးခင်က TCL ထုတ်ပြခဲ့တဲ့ သုံးဖက်ခေါက်လို့ရတဲ့ Prototype ဖုန်း လိုဖြစ်လာနိုင်ပါတယ်။

ဒီသတင်းတွေအရ Foldable Phones အမြောက်အများကို ဈေးကွက်ထဲမှာတွေ့လာရတော့မယ့်ပုံပါပဲ …

Ref : Gizchina

Author