လာမယ့် August 5 ရက်နေ့မှာ Samsung အနေနဲ့  Galaxy Note20 series, Galaxy Tab S7, Galaxy Watch 3, Galaxy Buds တို့နှင့်အတူ Galaxy Z Fold 2 လေးကိုပါတစ်ခါတည်းမိတ်ဆက်သွားဖို့ရှိနေပါတယ်။ ကောလဟာလတွေအရ ဖုန်းကို Galaxy Z Fold လို့ခေါ်ခဲ့ဖို့ရှိခဲ့ပေမယ့် အခုချိန်မှာ‌တော့ Galaxy Z Fold 2 ဆိုတဲ့နာမည်နဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီ Galaxy Z Fold 2 ရဲ့ လတ်တလောပုံလေးတွေကို  Max Weinbach ရဲ့ Twitter စာမျက်နှာမှာတင်ပေးသွားခဲ့တာပါ။

Galaxy Z Fold 2 ဟာ ခေါက်ချိုးဇိုင်းနဲ့ပဲ ထွက်လာမယ်ဆိုတာကိုလည်း Max က အတည်ပြုပြောဆိုခဲ့ပါတယ်။ အခု Galaxy Z Fold 2 မှာတော့ အတွင်းမျက်နှာပြင်ဒီဇိုင်း ပြောင်းသွားပြီး Punch Hole Design နဲ့ထွက်လာမယ်လို့သိရပါတယ်။

2019 ခုနှစ်ကထုတ်ခဲ့တဲ့ Galaxy Fold တုန်းကတော့ ၇.၃ လက်မရှိတဲ့ အတွင်းမျက်နှာပြင်ရဲ့ ညာဘက်အပေါ်ထောင့်မှာ Dual Selfie Camera တပ်ဆင်ပေးထားခဲ့ပါတယ်။ အဲ့ဒီ Dual Sefie Camera တပ်ဆင်ထားတဲ့ Notch ကြီးကြောင့် Galzxy Fold ရဲ့မျက်နှာပြင်ကြီးဟာ ကျယ်ပေမယ့်ရှင်းရှင်းလင်းလင်း ဖြစ်မနေခဲ့ပါဘူး။ ဒါကိုလည်း Samsung South Korea Company ဘက်ကနေ လုံးဝငြင်းဆိုခြင်းမရှိဘဲ အတည်ပြုလက်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ Notch ကြီးနေရာမှာ သေသပ်လှပတဲ့ Punch Hole လေးကို မြင်ရတော့မှာပါ။ Galaxy Z Fold 2 ကတော့ ပြီးခဲ့တဲ့တစ်လ‌လောက်က ပေါက်ကြားထားတဲ့ အတိုင်းပဲချွင်းချက်မရှိထွက်ပေါ်လာခဲ့ပါပြီ။ 

Galaxy Z Fold 2 ကိုဘယ်လိုမြင်တွေ့ရမလဲ ?

သိရှိထားရသလောက်ဆိုရင်တော့ Galaxy Z Fold 2 ရဲ့အတွင်းမျက်နှာပြင်မှာ ၇.၅၉ လက်မ ရှိတဲ့ AMOLED မျက်နှာပြင်မှာ  10-Megapixel Selfie Camera ကိုလည်းတပ်ဆင်ပေးထားမှာပါ ။ ဒီမျက်နှာပြင်ဟာ 2213 x 1689 pixel ရှိပြီး 372ppi အထိသိပ်သည်းဆရှိမှာပါ။ နောက်ထပ် မက်မောစရာ 120Hz refresh rate ပါဝင်ဦးမှာပါ။ 

အပြင်မျက်နှာပြင်မှာတော့ ၆.၂၃ လက်မရှိပြီး Selfie Camera Punch Hole သေးသေးလေးပါဝင်ဦးမှာပါ။ ဒါ့အပြင်  60Hz Refresh Rate ထည့်ပေးထားပြီး 2267 x 819 pixels အထိထောက်ပံ့ပေးထားပါတယ်။ 

Performance အတွက် စွမ်းဆောင်ရည်မြင့် Snapdragon 865 Plus SoC ကိုအသုံးပြုပေးထားပြီး နောက်ကျောဘက်မှာ 12-Megapixel (ultrawide) + 12-Megapixel (wide-angle) + 64-Megapixel တို့ပါတဲ့ Camera သုံးလုံးကိုလည်းတပ်ဆင်ပေးထားပါတယ်။ ဖုန်းတစ်ခုလုံးကိုမောင်းနှင်ဖို့အတွက် 4,365mAh Dual-Part Battery ကိုအသုံးပြုပေးထားပြီး Fast Charging အတွက် 25W နဲ့ Wireless Charging အတွက် 15W အထိထောက်ပံ့ပေးထားပါတယ်။ Storage အနေနဲ့က‌တော့ 256GB နဲ့ 512GB ဆိုပြီးနှစ်မျိုးရွေးချယ်နိုင်မှာပါ။ 

Galaxy Z Fold 2 ကတော့ August 5 ရက်နေ့မှာ တရားဝင်ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်.. 

Ref : Gizmochina

Author