အခုလက်ရှိအချိန်ဟာ Samsung S21 Series ဒါမှမဟုတ် S30 Series ကိုတွေ့ရဖို့ အချိန်အဝေကြီးလိုနေပေမယ့်လည်း  ဖုန်းရဲ့ Specs တွေကတော့ တစ်စနဲ့ တစ်စ ထွက်လာနေပါပြီ။အခုမှာလည်း Samsung Galaxy S21 Series ထဲက Galaxy S21 Ultra ဟာ S Series ထဲမှာ S- Pen ပါလာမယ်လို့ သတင်းတွေထွက်လာပါပြီ။အရင်က ဒီ S-Pen ကို Note Series မှာပဲတွေ့ခဲ့ရတာမို့လို့ အခု S Series မှာ S Pen ပါလာမှာက ထူးတော့ထူးဆန်းနေပါတယ်။

ဒါပေမယ့်လည်း Samsung ကနေ အပြောင်းအလဲတစ်ခုခုကိုလုပ်ဖို့ ထည့်ပေးတာလ‌ဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ချို့ Users ကတော့ S Series ကို Note Series Fans တွေ ပိုစိတ်၀င်စားလာအောင် S-Pen ထည့်ပေးတာလို့ ထင်ကြေ‌းပေးနေကြပါတယ်။

အရင်ကထွက်ထားတဲ့သတင်းတွေအရ Galaxy S21 series ထဲမှာ Galaxy S21, Galaxy S21+ and Galaxy S21 Ultra တို့ပါလာမယ်လို့သိရပါတယ်။ ဒီ Model တွေထဲက S21 Ultra မှာပဲS-PEN ပါလာမှာပါ။ ဒီဖုန်းတွေမှာ Snapdragon 875 5nm Chipset ဒါမှမဟုတ် Samsung Exynos 1000 5nm Chipset နဲ့ အားဖြည့်ပေးလာမှာမို့လို့ အခုထွက်ထားတဲ့ Note 20 Series ထက်  Performance မှာ သိသိသာသာ‌တိုးတက်လာမှာပါ။

အရင် 3C  Certification ပေါ်မှာထွက်ပေါ်ခဲ့တ‌ဲ့ စာရင်းတွေ အရ S21 မှာ 4,000 mAh battery နဲ့့ S21+ မှာ 4,800mAh Battery ဆိုပြီးအသီးသီးပါ၀င်လာမယ်လို့သိရပါတယ်။

Ref : Gizchina

Author