(Unicode)

အခုလက်ရှိအချိန်ဟာ Samsung S21 or S30 Series ကိုတွေ့ရဖို့ အချိန်အဝေကြီးလိုနေပေမယ့်လည်း အခုမှာတော့ ဖုန်းရဲ့ Specs တစ်ချို့စထွက်လို့လာနေပါပြီပဲဖြစ်ပါတယ်။ ဒီ Specs တွေကိုတော့ 3C Certification Site ကနေထုတ်ပြန်ခဲ့တာပါ။  

ဒီ 3C Certification ထဲမှာတော့  S21 နဲ့ S21+ တို့ရဲ့ Model နံပါတ်တွေနဲ့ Battery Capacities တွေကိုဖော်ပြပေးထားပါတယ်။  Model နံပါတ် (SM-G991) ရှိတဲ့ S21 မှာ 3,880 mAh battery ပါကြောင်းတွေ့ရပြီး  Model နံပါတ် (SM-G996) ရှိတဲ့ S21+ မှာတော့ 4,660 mAh Battery ပါလာမှာပါ။

နောက်ထပ် ဒီ Battery တွေဟာ Samsung ကနေထုတ်လုပ်လာမှာမဟုတ်ဘဲ တရုတ်အခြေစိုက် Ningde Amperex technology Limited ကနေထုတ်လာမယ်လို့ စာရင်းထဲမှာဖော်ပြထားပါတယ်။  

အရင်တုန်းကပေါက်ကြားခဲ့တဲ့သတင်းတွေ Galaxy S21 series  မှာ Standard ၊ Plus နဲ့ Ultra ဆိုပြီး Model သုံးမျိုးထွက်လာမယ်လို့သိထားရပါတယ်။ နောက်ပြီး Samsung Galaxy S21 Series ဟာ M1 (S21)  N2 (S21 Plus) နဲ့ O3( S21 Ultra) ဆိုပြီး Codename ပေးလာမှာပါ။ ဒီ ထဲက O3 Model ဟာ  Galaxy S21 Ultra ဖြစ်လာမယ်လို့ တစ်ချို့သတင်းတွေမှာဖော်ပြထားပါတယ်။ ဒီ S21 Ultra ဟာ SPen နဲ့ထွက်လာမယ်လို့သိထားရပါသေးတယ်။ 

S21 Series အကြောင်းထပ်ဖတ်ရန်…

Ref : GSMArena

Samsung Galaxy S21 နဲ့ S21+ တို့ရဲ့ Battery Specs တွေထွက်ပေါ်လာ…




Ref : GSMArena

Author