Galaxy Note 20 Series လည်းထွက်ပြီးသွားပြီမလို့  Samsung  အနေနဲ့ Samsung Galaxy S21 ဒါမှမဟုတ် S30 ကိုပြုလုပ်ဖို့စီစဉ်နေပြီပဲဖြစ်ပါတယ်။ အခုမှာလည်း Galaxy S21 Ultra ရဲ့ Specs တွေပေါက်ကြားလို့လာခဲ့ပါပြီ။ 

ဒီသတင်းကိုတော့ Ice Universe ကပဲ Twitter မှာဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ Ice Universe ရဲ့ Tweet အရ  S21 မှာ Galaxy S20 Ultr‌a လို  108MP camera  ပါဝင်လာဖို့ရှိနေပါတယ်။ 108 MP ချင်းတူနေပေမယ့်လည်း S21 မှာတော့ Sensor အသစ်ကိုထည့်ပေးလာမယ်လို့သိရပါတယ်၊။

ဒီ Sensor  ISOCELL Bright HM1 နေရာမှာအစားထိုးဝင်ရောက်လာမယ့် Sensor ဖြစ်လာနိုင်ပြီး ဒီနှစ်ကုန်လောက်မှာ မိတ်ဆက်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။

နောက်ထပ်ပေါက်ကြားလာတာကတော့ ဖုန်းရဲ့  Faster-Charging Technology ပါပဲ။  Vietnamese leaker, Chun @Boby25846908 ရဲ့ Twitter ပေါ်က Tweet တစ်ခုအရ Galaxy S21 Ultra ဟာ 60W fast charging ကိုထောက်ပံ့ပေးလာမယ်လို့သိရပါတယ်။ အရင်က Galaxy S20 Ultra မှာ  45W fast charging ကိုထောက့်ပေးထားပေမယ့်လည်း Note 20 Ultra မှာတော့ 25W Fast Charging ကိုပဲထောက်ပံ့ပေးထားပါတယ်။   25W ကြီးပဲသုံးပေးလာတာကြီးက သိပ်တော့အဆင်မပြေခဲ့ပါဘူ။ 

Performance အတွက်တော့ Galaxy S21 series မှာ 5 nm Process အပေါ်အ‌ခြေခံထားတဲ့Exynos 1000 SoC အသစ်ကိုအားဖြည့်ပေးလာဖို့ရှိနေပါတယ်။ ဒီ Chip ဟာဆိုရင်  Qualcomm Snapdragon 875 chipset နဲ့ Performance  အတူတူလောက်ရှိလာနိုင်ပါတယ်။ နောက်ထပ် ဖုန်းမှာ အရင်က S20 ရဲ့ in-display fingerprint sensor ထက်ပိုမြန်ပြီး နေရာပိုကျယ်လာမယ့် Qualcomm  in-display fingerprint sensor အသစ်ပါဝင်လာဖို့ရှိနေပါတယ်။ 

Galaxy S21 Ultra ထွက်လာဖို့ နောက်ထပ် ၆ လလောက်လိုသေးတာမလို့ နောက်ရက်တွေမှာ ဖုန်းနဲ့ပတ်သတ်ပြီး Specs တွေထပ်ထွက်လာနိုင်ပါတယ်။ 

ဒီသတင်းတွေကိုဘယ်သူကမှအတည်ပြုထားခြင်းမရှိသေးတာမလို့ ဒီသတင်းတွေကို မှန်တယ်လို့တော့မမှတ်ထားစေချင်ပါဘူး။

Ref : Gizmochina 

Author