Samsung ကတော့ Galaxy Note 20 Series ကိုဈေးကွက်မှာချပြဖို့ ပြင်ဆင်နေပါပြီ။ Note 20 Series နဲ့အတူ Galaxy Z Flip 5G နဲ့ Galaxy Fold 2 တို့ကိုပါ တစ်ခါတည်းချပြလာ နိုင်ပြီး August လ 5 ရက်နေ့လောက်မှာဈေးကွက် ထဲကို မိတ်ဆက်လာနိုင် ပါတယ်။ထုံးစံအတိုင်းပဲ Samsung ရဲ့ Galaxy Note Series တွေဟာဈေးနှုန်းမြင့်တတ်‌ေလ့ရိှတာမလို့ အခုထွက်လာမယ့် Note 20 Series ကလည်း 1249$ ကနေ 1499$ ထိရှိလာနိုင်ပါတယ်။

Ice Universe လို့ခေါ်တဲ့ Mobile Phone လောက စောင့်ကြည့်လေ့လာသူတွေကလည်း Galaxy Note 20 Series တွေရဲ့ ဈေးနှုန်းကိုခန့်မှန်းထားပါတယ်။ စောင့်ကြည့်လေ့လာသူတွေခန့်မှန်းထားတာကတော့ Galaxy Note 20 ရဲ့ဈေးဟာ 999$ ထိရှိနိုင်ပြီး Flagship Model ဖြစ်တဲ့ Galaxy Note 20 Ultra မှာတော့ 1299$ ထိရှိလာနိုင်တယ်လို့ သိရပါတယ်။ Galaxy Note 10 ၊ Note 10+တို့နဲ့ နှိုင်းယှည်ကြည့်ရမယ်ဆိုရင်တော့ စထွက်တုန်းက Note 10 ရောင်းဈေးအနေနဲ့ 946$ဖြစ်ပြီးတော့ Note 10+ ကတော့ ရောင်းဈေး 1099$ အသီးသီးရှိခဲ့ပါတယ်။ နောက်ပြီးတော့ ဒီ Model နှစ်မျိုးလုံးက Internal Memory 256 GB ပါ၀င်ထားပါတယ်။

သတင်းတွေအရတော့ Note 20 Series မှာ Refresh Rate 120 HZ, Infinity-O AMOLED Display, Snapdragon 865+(US အတွက်သာ) ဒါမှမဟုတ် Exynos 992 နဲ့ Ram 16GB Internal Memory 512 GB နဲ့ထွက်ရှိလာမှာဖြစ်တယ်လို့လဲသိရပါတယ်။ (အခု Specs တွေဟာ ကောလဟလ ထွက်ထားတဲ့ Specs တွေဖြစ်တဲ့အတွက် သေတော့မသေချာသေးပါဘူး)။ Samsung အနေနဲ့ကတော့ Design ပိုင်းနဲ့ Battery ပိုင်းကိုအရင် Series တွေထက်သာအောင်လုပ်လိမ့်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ Battery ပိုင်းမှာဆိုရင် 45 Watts Fast Charging လောက်ထိကိုသုံးလာနိုင်ပါတယ်။ နောက်တစ်ခုက ဒီထွက်ရှိလာမယ့် Note 20 Series သစ်တွေမှာ Ultrasonic Display ကိုသံုး‌‌ေပးလာဖို့ရိှ‌ေနပါတယ်။ Version အပေါ်မူတည်ပြီး Main Camera မှာ Sensor 3 ခု သို့မဟုတ် 4 ခု ထိပါလာနိုင်ပါတယ်။ ထပ်ပြောရရင် ဒီ Model သစ်မှာ Samsung Model အမြင့်ပိုင်းတွေမှာပဲ တွေ့ရမယ့် UI Version သစ်One UI 2.5 ကိုအသုံးပြုပြီး မိတ်ဈေးကွက်ကို မိတ်ဆက်လာနိုင် ပါတယ်။

ပေါက်ကြားလာတဲ့သတင်းများစွာထဲကမှ ဒီတစ်ခါ လောလောလတ်လတ် ပေါက်ကြားလာတဲ့ Model သစ် Galaxy S20 ရဲ့ ပုံတွေကတော့ Samsung ကနေတိုက်ရိုက်ပေါက်ကြားလာတာ ပဲဖြစ်ပါတယ်။ Samsung Company က Samsung Ukraine Website မှာ Samsung ရဲ့ Model သစ် S20 Ultra ရဲ့ပုံတွေကိုမတော်တဆတင်လိုက်မိတာပါ။ အဲ့လိုတင်လိုက်မိတဲ့ ကျေးဇူး ကြောင့်ပဲ Note 20 Model သစ်ကိုဈေးကွက်မိတ်မဆက်ခင်မှာ ကျွန်တော်တို့မြင်တွေ့ခွင့်ရလိုက်တာပါ။ Samsung Ukraine Website မှာတင်လိုက်တဲ့ပုံကတော့ Mystic Bronze Color ဖြစ်ပြီးတော့ တော်တော်လေးကို လှတဲ့အရောင်လေးပါ။ ဒီလိုပေါက်ကြားလာတဲ့ ဓာတ်ပုံတွေကြောင့် ကျွန်တော်တို့အနေနဲ့ S20 Ultra ရဲ့ ကျောဖက် Camera သုံးလုံး Set Up ကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါပြီ။

Camera Set Up ပိုင်းကိုကြည့်ရတာကတော့ S20 တုန်းကလို လေးထောင့်လေးထဲမှာ Camera တွေကိုတပ်ဆင်ထားတာပါပဲ။ Camera အရွယ်အစားတွေကတော့ တော်တော်လေးကြီးတာကိုတွေ့ရပါတယ်။ ဘယ်ဘက်ကကြည့်မယ်ဆိုရင် Camera Lenses သုံးခုစလုံးကိုမြင်ရမှာဖြစ်ပြီး ညာဖက်မှာတော့ LED Flash ကိုတခြားသော Sensor တွေနဲ့အတူတွေ့နိုင်ပါတယ်။ တော်တော်လေးသေသပ်တဲ့ Design ပါ။ ဒီအချင်းအရာတွေကိုကြည့်ရင် Samsung အနေနဲ့ Laser Autofocus System ကိုအစားထိုးဖို့အတွက် ToF Sensor ကိုချောင်ထိုးခဲ့ပုံပါပဲ။

မျော်လင့်ထားသလိုပဲ ခလုပ်တွေက ညာဖက်မှာရှိပြီးတော့ ဖုန်းနဲ့အရောင်တူ Bronze Color နဲ့ အရမ်းမိုက်တဲ့ S-Pen ရဲ့ Design ကိုတွေ့နိုင်ပါတယ်။ ဒီနေရာမှာ S-Pen ရဲ့ Design ကိုတော် တော်လေးသတိထားမိပါတယ်။ S-Pen ကို Design ပိုင်းမှာ Update လုပ်ထားပါတယ် နောက်ပြီး Software ပိုင်းအနေနဲ့ ဘာတွေများထူးခြားလာလေမလဲဆိုတာကတော့ တော်တော်လေး စိတ်ဝင်စားစရာပါပဲ။ အကျဉ်းချုပ်အနေနဲ့ Galaxy Note 20 Series ကို August လ 5 ရက်နေ့မှာ တရားဝင်တွေ့ခွင့်ရမှာဖြစ်ပြီးတော့ Phablet ဖုန်းတွေဖြစ်တဲ့ Galaxy Fold2, Galaxy Z Flip 5G, နဲ့ Galaxy Buds Next Gen တို့ကိုလည်း တစ်ပါတည်း မိတ်ဆက်လာနိုင်ပါတယ်။ ရင်ခုန်စရာတစ်ခုအနေနဲ့ Galaxy Watch3 ကိုတော့ July 22 ရက်နေ့မှာ မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းထားတာတွေရှိနေပါတယ်။

Ref : Gizchina

Author