၂၀၁၈ လောက်တုန်းက Samsung  အနေနဲ့ ကမ္ဘာ့ပထမဆုံး Quad Camera ဖုန်းဖြစ်တဲ့  Galaxy A9 (2018) ကိုမိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းလောကကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ အခုလည်း Samsung ကနေ ကျောဘက်ကင်မရာ ၅ လုံးနဲ့ဖုန်းကိုထုတ်လုပ်နေပြီလို့သတင်းတွေထွက်လာပြီ။ ဒီတစ်ခါတော့ Nokia ရဲ့  Nokia 9 PureView ကကမ္ဘာ့ပထမဆုံး Panta Camera ဖုန်းဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်ထားပြီးဖြစ်လို့  ဒီဂုဏ်ပုဒ် ကိုတော့ Samsung အနေနဲ့သိမ်းပိုက်လာနိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Samsung A Series ထဲမှာတော့ ပထမဆုံး Panta ဖုန်းဖြစ်လာမှာပါ ။ 

ဒီ A Series ဖုန်းကတော့ Samsung Galaxy A72 ဖြစ်လာမယ်လို့ The Elec ရဲ့ သတင်းတွေအရသိရပါတယ်။ ဒီ Camera Setup ထဲမှာတော့ 64 MP Primary Camera ၊ Secondary 12 MP ultra wide lens ၊Tertiary 8 MP telephoto (3x zoom) ၊ Quaternary 5 MP macro နဲ့ Quinary 5 MP depth sensor ပါလာမယ်လို့  The Elec ကဖော်ပြထားပါသေးတယ်။ 

ဒီလို စာရွက်ပေါ်က Camera Specs  တွေအရဆိုရင်တော့ ဖုန်းရဲ့ Camera ကတော်တော်လေး အထင်ကြီးစရာပါပဲ။ အရင် A71 နဲ့ယှဉ်ကြည့်တဲ့အခါမှာ အသစ်ပါလာတဲ့ Sensor ကတော့ 3x Optical zoom camera ပါပဲ။ ဒီ Optical Zoom ဟာဆိုရင် S20 Series မှာသုံးပေးထားတဲ့ Sensor ဆိုရင်လည်းမမှားပါဘူး။ 

သတင်းထဲမှာတော့ ဖုန်းရဲ့ Camera Specs တွေကလွှဲပြီး ကျန်တဲ့ Specs တွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဖုန်းမှာ လက်ရှိ A Series တွေလို 5G ပါတဲ့ Snapdragon Chipset ပါလာဖို့ခန့်မှန်းရပါတယ်။  မကြာခင်မှာတော့ ဒီဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေထပ်ထွက်လာမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။  

Ref : GSMArena

Author