Samsung အနေနဲ့ သူတို့ရဲ့ Flagship S- Series ကိုနှစ်စဉ် ‌‌Feb လလောက်မှသာမိတ်ဆက်လေ့‌ရှိပေမယ့် နောက်နှစ် S21 or S30 Series ကိုတော့ January လမှာမိတ်ဆက်လာဖို့ရှိနေပါတယ်။ အခုမှာတော့ ဒီ S30 Series ထဲက S30 နဲ့ S30 Ultra တို့ရဲ့ပုံတွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ဒီပုံတွေကိုတော့ @onleaks ကနေပဲ Shared ခဲ့တာပဲဖြစ်ပါတယ်။

S30

ပုံတွေအရ ဖုန်းနှစ်လုံးမှာ S20 လိုမျိုး Centered Punch Hole တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ S30 ကတော့ Screen Size 6.2” နဲ့ ထွက်လာဖို့ရှိနေပြီး S30 ULTRA မှာတော့ 6.7-6.9” Screen Size နဲ့ ထွက်လာမှာပါ။S30 ရဲ့ကျောဘက်ဘက်မှာတော့ လုံး၀ပြောင်းသွားတဲ့ Camera Setup ကိုတွေ့ရမှာ ဒီ Camera Setup ရဲ့အထူဟာဆိုရင် S20 နဲ့ယှဉ်ရင် ပိုကြီးလာမှာကအသေအချာပါပဲ။ ဒီ Camera Setup ထဲမှာထဲမှာတော့ Camera သုံးလုံးနဲ့အတူ LED Flash တပ်ဆင်ပေးထားတာကိုတေ‌ွ့ရမှာပါ။ ဖုန်းရဲ့အရွယ်အစားကတော့ 151.7 x 71.2 x 7.9mm ရှိပါတယ်။

S30 Ultra ရဲ့ Camera Setup ကတော့ S30 ထပ်ပိုပြီးသွားပါတယ်။ ကြီးသွားရတဲ့အကြောင်းကလည်း Camera Setup ထဲမှာ Camera လေးလုံးထည့်ပေးထားလို့ပါ။ သူ့ရဲ့အရွယ်အစားကတော့165.1 x 75.6 x 8.9mm ရှိပါတယ်။ ပုံထဲကဖုန်းရဲ့ အောက်ခြေမှာ S-PEN အတွက်နေရာမတွေ့ရတဲ့အတွက် S30 Ultra မှာ S-PEN ပါလာမယ်ဆိုတာက သတင်းအမှားလို့ပြောလို့ရသွားပါပြီ။

ကဲ Design အပေါ်အမြင်လေးတွေမျ‌ှဝေပေးသွားကြပါ‌ဦးနော် ..

Ref : GSMArena

Author