အရင်လလောက်တုန်းက Samsung  အနေနဲ့ သူတို့ရဲ့ Flagship Series အသစ်ဖြစ်တဲ့ Note 20 Series ကိုမိတ်ဆက်ခဲ့ပါတယ်။ ဆိုတော့ Samsung အဖို့ ဒီနှစ်အတွင်းမှာနောက်ထပ်အသစ်ထုတ်လာမယ့် S20 Fan Edition ကလွဲပြီး တစ်ခြား Flagship ဖုန်းအသစ်တွေကိုတော့တွေ့လာရတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Samsung အနေနဲ့  နောက်နှစ်မှာ‌ဈေးကွက်ကိုချပြလာမယ့် Galaxy S21 Series အတွက် ထုတ်လုပ်မှုပိုင်းကို စတင်ရတော့မှာပဲဖြစ်ပါတယ်။ ခုချိန်မှာတော့ ဒီ  S21 Series နဲ့ပတ်သက်ပြီး သတင်းတွေထွက်လာခဲ့ပါပြီ။  

 ဒီ  S21 Series ထဲမှာ S21, S21+, and Galaxy S21 Ultra ပါလာဖို့ခန့်မှန်းရပါတယ်။ ပထမဖုန်းနှစ်လုံးဖြစ်တဲ့  S21, S21+ တို့ကတော့ အရင်ကတည်းက 3C Certifications မှာပေါ်ထွက်လာခဲ့ပြီးသားပါ။ အခုမှာတော့ Galaxy S21 Ultra က TUV Rheiland မှာထွက်ပေါ်လာခဲ့ပါပြီ။ 

ဒီစာရင်းထဲမှာဖုန်းရဲ့ Model နံပါတ်  EB-BG998ABY (SM-G998) နဲ့  4,855mAh Battery Size ပါလာမယ့်အကြောင်းကို ဖော်ပြပေးထားပါတယ်။  ဒီမှာ 4,855mAh ဟာ Actual Size ဖြစ်တဲ့အတွက် ဖုန်းထွက်လာတဲ့အခါ 5,000 mAh Battery နဲ့ထွက်လာနိုင်ပါတယ်။ ဒီ S21 Ultra မှာ  5nm Exynos 1000 ၊ Qualcomm Snapdragon 875 chipset တို့နဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ်။ ဒါကြောင့်မလို့ S20 Series ထက် Performance မှာသိသိသာသာတိုးတက်လာမှာအသေအချာပါပဲ။ 

3C Certification  မှာထွက်ပေါ်လာတဲ့  Galaxy S21 နဲ့ The S21+ တို့မှာတော့ 4,000 mAh Battery ၊ 4,800 mAh Battery ဆိုပြီးပါဝင်လာမယ်လို့သိရပါတယ်။ သူတို့မှာလည်း  5nm Exynos 1000 ၊ Qualcomm Snapdragon 875 Chipset တို့နဲ့အားဖြည့်ပေးလာနိုင်ပါတယ်။

S21 Series ထွက်ဖို့ လအတော်ကြာလိုသေးတာမို့လို့ဒီသတင်းတွေကိုအတည်လို့မမှတ်ထားစေချင်ပါဘူး။ နောက်ပြီး ဒီ S21 Series ဟာ S30 ဆိုတဲ့နာမည်နဲ့ ထွက်လာနိုင်တယ်ဆိုတာကိုလည်းသိထားစေချင်ပါတယ်။ 

Ref : Gizchina

Author