အရင်လတွေကတည်းက Leaks တွေ ၊ ပုံတွေထွက်ခဲ့တဲ့ Samsung S21 Series ကတော့ ဒီနေ့မှာပဲ ကျွန်တော်တို့နိုင်ငံမှာ တရား၀င်မိတ်ဆက်လိုက်ပါပြီ။ ဒီ S21 Series ထဲမှာဆိုရင် Galaxy S21, Galaxy S21+, Galaxy S21 Ultra ဆိုပြီး စုစုပေါင်း Models သုံးမျိုးထွက်လာတယ်။ ဒီ S21 Series နဲ့အတူ  Galaxy Buds Pro  ၊ Samsung Smart Tag တို့ကိုပါ Samsung မိတ်ဆက်ခဲ့ပါတယ်။ 

ဆိုတော့ဖုန်းတွေရဲ့ Specs တွေကိုသွားကြည့်လိုက်ရအောင်…

Display

ဖုန်းသုံးသုံးစလုဲးမှာ  120Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ Dynamic AMOLED 2x display ကိုသုံးပေးထားတယ်။ ဖုန်းတွေရဲ့ Refresh Rate ဟာဆိုရင် 48Hz ကနေ 120Hz အထိ စိတ်ကြိုက်ရွေးသုံးလို့ရမှာပဲဖြစ်ပါတယ်။ အရင် Samsung Flagship ဖုန်းတွေလိုပဲ ရှေ့ဘက်မှာတော့ Centered hole-punch Display ကိုသုံးပေးထားပါတယ်။ ဒီ Display ကိုတော့ Mi 11 မှာတွေ့ခဲ့ရတဲ့ Gorilla Glass Victus ကိုကာကွယ်ပေးထားပါတယ်။ 

Screen Size အနေနဲ့ကတော့ S21 မှာ 6.2″ ၊ S21 Plus မှာ 6.7″ ၊ S21 Ultra မှာတော့ 6.8″ ဆိုပြီးအသီးသီးသုံးပေးထားပါတယ်။ ဒီမှာ S21 နဲ့ S21 Ultra ကတော့ ရိုးရိုး FHD+ Flat Display ဖြစ်ပြီး S21 Ultra ကတော့ QHD+ Curved Display ဖြစ်သွားပါတယ်။ ဒီမှာ ထူးထူးခြားခြားပဲ S21 Ultra မှာ S Pen Support ပေးထားပါတယ်။ ဒါကြောင့်မို့လို့ S21 Ultra ဟာ S Series တွေထဲမှာ  S Pen Support ပေးတဲ့ ပထမဆုံးဖုန်းဖြစ်လာပါတယ်။ S21 နဲ့ S21+ မှာတော့ S Pen Support မ‌ေပးပါဘူး။ Brightness မှာတော့ S21 Ultra က 1500 nits Brightness အထိပေးနိုင်ပြီး ကျန်တဲ့ Model နှစ်ခုကတော့ 1300 nits အထိပေးနိုင်ပါတယ်။

Design

S21 Series ရဲ့ကျောဘက်မှာ  အရင် S20 Series နဲ့မတူဘဲ သိသိသာသာပြောင်းလဲထားတဲ့ Camera Setup ကိုတပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ ရိုးရိုး Galaxy S21 နဲ့ Galaxy S21+ မှာ Triple Camera Setup ကိုတပ်ဆင်ပေးထားပြီး Galaxy S21 Ultra မှာတော့ Quad Camera Setup ကိုတပ်ဆင်ပေထားတာကိုတွေ့မှာပါ။ S21 ရဲ့ ကျောဘက် Design ကို Note 20 လို Polycarbonate ( Plastic ) ကိုပဲသုံးပေးထားပါတယ်။  S21+ နဲ့  S21 Ultra မှာတော့ Gorilla Glass Victus ကိုသုံးပေးထားပါတယ်။ 

Performance

ဖုန်းသုံးလုံးရဲ့ Performance အတွက်‌ေတာ့ မြန်မာနိုင်ငံမှာ ထွက်လာတဲ့ S21 Series မှာ Exynos 2100 Chipset တို့နဲ့အားဖြည့်ပေးထားပါတယ်။ S21 နဲ့ S21 တို့ရဲ့ RAM မှာတော့ 8GB RAM အထိထောက်ပံ့ပေးထားပြီး Storage မှာ 128GB နဲ့ 256GB  storage ကြားရွေးလို့ရမှာပဲဖြစ်ပါတယ်။ S21 Ultra မှာတော့ အမြင့်ဆုံး 16GB RAM ၊ 512GB Internal Storage အထိ‌ေ‌ရွးလို့ရမှာပဲဖြစ်ပါတယ်။ ဖုန်းသုံးလုံးစလုံးမှာ Micro SD CARD တော့ထည့်လို့မရတော့ပါဘူး။ Software ပိုင်းမှာတော့ Android 11 Based OneUI 3 နဲ့ Run ပေးထားပါတယ်။

Camera

S21 နဲ့ S21+ တို့ရဲ့ကျောဘက် Triple Camera Setup ထဲမှာ 12MP f/2.2 Ultrawide Camera (120° field of view) ၊  12MP f/1.8 Dual Pixel AutoFocus camera (with OIS)၊  64MP f/2.0 ၊Telephoto Xamera ( with OIS, PDAF,  3x Hybrid Optic Zoom ၊ 30X Space Zoom) တို့ကိုထည့်ပေးထားပါတယ်။ Selfie အတွက် Punch Hole ထဲမှာ 10MP Dual Pixel AF camera ကိုထည့်ပေးထားပါတယ်။

S21 Ultra ရဲ့ Quad Camera Setup ထဲမှာတော့

12MP f/2.2 Dual Pixel AF Ultra-Wide Lens ( with 120-degree field of view) ၊ 108MP Main  f/1.8 0.8µm Camera (with OIS) ၊  10MP f/2.4 Dual Pixel Camera (with OIS and 3x optical zoom) 10MP Dual Pixel AF Periscope Zoom camera (with OIS and 10x optical zoom ) တို့ကိုထည့်ပေးထားပါတယ်။ Selfie camera ကတော့ 40MP f/2.2 sensor ဖြစ်သွားပါတယ်။

Camera Features တွေအနေနဲ့ 8K Snap ၊ Vlogger View ၊ Director’s View ၊ Multiple mic recording ၊ Single Take ၊ Zoom Lock စတဲ့ Features အသစ်‌ေတွထည့်ပေးထားပါတယ်။

Battery and Charging

Battery အနေနဲ့ Galaxy S21မှာ 4000mAh battery ၊ Galaxy S21 Plus မှာ 4800mAh battery ၊ 5000mAh battery ကိုသုံးပေးထားပါတယ်။ Charging အတွက် ဖုန်း‌ေတွကို 25W USB Power Delivery 3.0 Fast Charging ကိုပဲထောက်ပံ့ပေးထားပါတယ်။ တစ်ခြား 15W Wireless Charging ၊  4.5W Reverse Wireless Charging တို့ကိုလည်းထောက်ပံ့ပေးထားပါတယ်။

Price and Availability

ဈေးနှုန်းအနေနဲ့…

Galaxy S21Ultra (16/512GB) – 2,049,000 MMK

Galaxy S21Ultra (12/256GB) – 1,849,000 MMK

Galaxy S21+ (8/256GB) – 1,559,000 MMK ဆိုပြီးအသီးသီးကျသင့်လာပါတယ်။

 Samsung Galaxy S21 series ကိုတော့ ကျွန်တော်တို့နိုင်ငံမှာ 15th January ကနေ 3rd February 2021 အတွင်းမှာ Pre-order စတင်လို့ရ‌ေနပြီပဲဖြစ်ပါတယ်။ ကဲအကြမ်းစား Flagship Experience ကိုရစေဖို့ အခုပဲ S21 Series ကို Pre-order တင်လိုက်‌ေတာ့နော်…

Ref : xda developer

Author