Samsung အနေနဲ့ မနေ့ကညပိုင်းတုန်းက သူတို့ရဲ့ တတိယမြောက် Unpacked Event ကိုကျင်းပခဲ့ပြီး Flagship ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Galaxy S20 FE ကိုမိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ S20 FE နဲ့ ပတ်သက်ပြီးအရင်ကတည်းက သတင်းတွေပေါက်ကြားခဲ့ပြီးသားပါ။

ဆိုတော့ အရင်ကထွက်ထားတဲ့ သတင်းတွေမှန်မမှန်သိရအောင် ဖုန်းရဲ့ Specs တွေကိုသွားကြည့်လိုက်ရအောင်.. 

Galaxy S20 FE Design

Galaxy S20 FE မှာသိသိသာသာထူးခြားသွားတာကတော့ စုစုပေါင်းအရောင် ၆ ရောင်အထိရွေးလို့ရလာတာပါပဲ။ ဖုန်းရဲ့ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်တဲ့ ထောင့်မှန်စတုဂံပုံ Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။  ဒီ Back Design ကို Plastic နဲ့ပဲကာကွယ်ပေးထားပြီး ဘေးဘောင်တွေကိုတော့ Aluminum Frame နဲ့ကွပ်ပေးထားပါတယ်။

ဖုန်းရဲ့ရှေ့ဘက်မှာတော့ Infinity-O Display  ကိုသုံးပေးထားပြီး  ဒီ Infinity-O Display ဟာဆိုရင် Samsung ရဲ့ Galaxy ဖုန်းတွေထဲမှာအသေးဆုံးလို့ပြောလို့ရပါတယ်။ ဒီ Screen ကိုတော့ Gorilla Glass 3 နဲ့ကာကွယ်ပေးထားပါတယ်။

Galaxy S20 FE Specifications

Specs တွေအနေနဲ့ Galaxy S20 FE မှာ 120Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ 6.5-inch Full HD+ (2400 x 1080 resolution) Super AMOLED display ကိုသုံးပေးထားပါတယ်။ Performance အတွက်တော့ 5G Version တွေမှာ Snapdragon 865 processor နဲ့အားဖြည့်ပေးထားပြီး 4G Version တွေမှာတော့ Exynos 990 processor နဲ့အားဖြည့်ပေးထားပါတယ်။ ဒီ Chipset တွေကိုတော့  8GB of RAM ၊ 256GB storage နဲ့တွဲပေးထားပြီး Storage ထပ်စိုက်ချင်တဲ့သူတွေအတွက်လည်း MicroSD card slot ကို1TB အထိ ထပ်စိုက်လို့ရဦးမှာပါ။ Software မှာ Android 10 အပေါ်အခြေခံထားတဲ့ OneUI 2.5 နဲ့ Run ပေးလာပါတယ်။

Camera အတွက်တော့ Triple Camera Setup ထဲမှာ 12MP f/2.2 123° Ultrawide Angle Camera ၊ 12MP f/1.89 Dual Pixel Camera ၊ 8MP f/2.4 Telephoto Camera တို့ကိုတပ်ဆင်ပေးထားပါတယ်။ 8MP f/2.4 Telephoto Camera ဟာဆိုရင် 3x Optical Zoom  နဲ့ 30x Space Zoom အထိရိုက်ပေးနိုင်ပါတယ်။ Selfie မှာတော့ 32 MP f/2.2 camera ကိုတပ်ဆင်ပေးထားပါတယ်။

Galaxy S20 FE ရဲ့ Battery မှာ 25W wired charging, 15W wireless charging, PowerShare (reverse wireless charging) တို့ကို ထောက်ပံ့ပေးထားတဲ့ 4500mAh battery  ကိုသုံးပေးထားပါတယ်။ ဒါပေမယ်လည်း ဖုန်းရဲ့ဘူးထဲမှာတော့ 15W Charger ပဲပါလာမှာပါ။ 25W Fast Chargeမ ထပ်ဝယ်ရမယ့်ပုံပါပဲ :3

တစ်ခြား Features တွေအနေနဲ့ NFC, Bluetooth 5.0,  In-display Fingerprint Scanner, Stereo Speakers with Dolby Atmos technology နဲ့ IP68 rating တို့ပါဝင်လာပါတယ်။

Galaxy S20 FE Price

‌ဈေးအနေနဲ့ ..

US ဈေးကွက်အတွက်

 Galaxy S20 FE 5G  (128GB) $699 (မြန်မာငွေ ၉ သိန်းဝန်းကျင် )

UK ဈေးကွက်အတွက်

 Galaxy S20 FE 4G (128GB) £599 (မြန်မာငွေ ၁၀ သိန်းဝန်းကျင် )

 Galaxy S20 FE 5G (128GB)  £699 (မြန်မာငွေ ၁၂ သိန်းဝန်းကျင် )

 Europe ဈေးကွက်အတွက် 

 Galaxy S20 FE 4G (128GB) €669 (မြန်မာငွေ ၁၀ သိန်း ငါသောင်းဝန်းကျင်)

 Galaxy S20 FE 5G (128GB)  €769 (မြန်မာငွေ ၁၂ သိန်းဝန်းကျင် )

 Galaxy S20 FE 4G ( 256GB)  €719(မြန်မာငွေ  ၁၁ သိန်းဝန်းကျင် )

 Galaxy S20 FE 5G ( 256GB)  €819(မြန်မာငွေ ၁၃ သိန်းဝန်းကျင် ) ဆိုပြီး အသီးသီးကျသင့်ပါတယ်။ 

 အရောင်အနေနဲ့ Cloud Lavender, Cloud Mint, Cloud Navy, Cloud White, Cloud Red, Cloud Orange ဆိုပြီးရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။

ကဲ S20 FE အပေါ်အမြင်လေးတွေကို Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးနော် ..

Ref : Gizmochina

Author