မနေ့ကတုန်းက Redmi ဟာ Bluetooth Wireless Earphones အသစ်တစ်ခုဖြစ်တဲ့  Redmi Sonic Bass Wireless Earphones ကို နီပေါမှာမိတ်ဆက်လိုက်ပါတယ်။

Redmi Sonic Bass Wireless Earphone ဟာRedmi ရဲ့  ပထမဆုံး Neckband wireless earphone တစ်ခုအဖြစ်ထွက်ရှိလာတာပဲဖြစ်ပါတယ်။

သူရဲ့ Specs တွေကတော့…

Xiaomi Mi Neckbands လိုပဲ Redmi SonicBass Wireless Earphone မှာ In-ear Neckband Style ကိုသုံးပေးထားပါတယ်။ Redmi SonicBass ဟာ အားတစ်ခါသွင်းရုံနဲ့ 12 နာရီအထိ Batttery သက်တမ်းရှိတယ်လို့  Redmi ကဆိုထားပါတယ်။

Battery Capacity အတိအကျကိုတော့သေချာမသိရသေးပါဘူး။ IPX4 rating လည်းပါထားတာမလို့ Workout လုပ်တဲသူတွေအတွက်တော်တော်လေး အဆင်ပြေမှာပဲဖြစ်ပါတယ်။ 

Sound Quality ပိုင်းအတွက် နားကြပ်ရဲ့ Driver အရွယ်အစားကိုလည်းမသိရသေးပေမယ့်bass များများနဲ့ Superior sound ကိုပေးနိုင်မယ်လို့ Redmi ကတော့ဆိုထားပါတယ်။

Connectivity  မှာ Bluetooth 5.0 နဲ့ချိတ်ဆက်လို့ရမှာဖြစ်ပြီး Features တွေအနေနဲ့ Voice Control, Environmental noise cancellation စတဲ့ Features တွေပါလာပါတယ်။ 

Redmi SonicBass ရဲ့ ဈေးကတော့  NPR 2099 (~$18) (မြန်မာငွေ  ၂ သောင်းခွဲ ဝန်းကျင်) နဲ့ နိပေါမှာစတင်ရောင်းချလာတော့မှာပါ။ အရောင်အနေနဲ့ အပြာနဲ့ အနက်ဆိုပြီးရွေးချယ်လို့ရမှာပါ။

ဒီ Redmi ရဲ့  ပထမဆုံး Neckband Wireless Earphoneဟာ တစ်ခြားနိုင်ငံတွေရဲ့ ဈေးကွက်မှာလည်း မကြာခင်မှာရောက်လာဖို့ ခန့်မှန်းရပါတယ်။ 

Ref :Gizmochina

Author